၁၁ မတ် ၂၀၂၂ - ၀၈:၂၁
အီရန် အစ္စလာမ်မစ် ပြည့်သူ သမ္မတ နိုင်ငံ ၏သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ ပြည်တွင်းခရီးစဉ် အဖြစ် မာဇင်ဒရာနီ ပြည်နယ် သို့ ရောက်ရှိ

အီရန် အစ္စလာမ်မစ် ပြည့်သူ သမ္မတ နိုင်ငံ ၏သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ ဝန်ကြီးအချို့ နှင့် အတူ (၁၇) ကြိမ် မြောက် ပြည်တွင်းခရီးစဉ် အဖြစ် မာဇင်ဒရာန် ပြည်နယ် သို့ ရောက်ရှိ ခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency သတင်း အထောက်အထားများအရအီရန် အစ္စလာမ်မစ် ပြည့်သူ သမ္မတ နိုင်ငံ ၏သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ ဝန်ကြီးအချို့ နှင့် အတူ (၁၇) ကြိမ် မြောက် ပြည်တွင်းခရီးစဉ် အဖြစ် မာဇင်ဒရာန် ပြည်သို့ ရောက်ရှိ ခဲ့ကြောင်း သိရှိရပါတယ်။

မာဇင်ဒရာန်ပြည်နယ်အစိုးရ နှင့် မာဇင်ဒရာန်ပြည်နယ် ဆိုင်ရာ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စားလှယ်တော် နှင့် မာဇင်ဒရာန်ပြည်နယ်ဆိုင်ရာ အစိုးရ အာဏာပိုင်များမှ အီရန် အစ္စလာမ်မစ် ပြည့်သူ သမ္မတ နိုင်ငံ ၏သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ အား လှိုက်လှိုက်လှဲလှဲ ကြိုဆို ခဲ့ကြပါတယ်။

အီရန် အစ္စလာမ်မစ် ပြည့်သူ သမ္မတ နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ မိမိ၏ ဤ ခရီးစဉ် တွင် မာဇင်ဒရာန်ပြည်နယ် ၏ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အချို့ ကိစ္စ ရပ်များ ကို စစ်ဆေးကြည့်ရှုမည် ဖြစ်ပါတယ်။

ဆက်လက်ပြီး သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ အနေဖြင့် သာသနာ နှင့်တိုင်းပြည်အတွက် အသက်စတေးခဲ့ကြသည့် အာဇာနည်များ ၊ ကိုယ်ခန္ဓာ ချို့ ယွင်းပျက်စီး သွားခဲ့ကြသည့် စစ်မှုထမ်းဟောင်းများ ၊ အများပြည်သူ လူထု အား မိန့်ခွန်း ပြောကြားမည် ဖြစ်ပါတယ်။

သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ မာဇင်ဒရာန်ပြည်နယ် အစိုးရ၏ အစည်းအဝေးတွင်လည်း တက်ရောက် နေရာယူမည် ဖြစ်ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ဝန်ကြီး အများ အပြား သည် အီရန် သမ္မတ နှင့် အတူ မာဇင်ဒရာန်ပြည်နယ် ခရီးစဉ်တွင် လိုက်ပါလာကြောင်း သိရှိရပါတယ်။

 

****************************************************************

END / 251