၁၅ မတ် ၂၀၂၂ - ၁၄:၀၆
ကလေး PDF ရဲဘော်များ၏ ကျည် ၁၀၀၀၀ ကမ်ပိန်း ကျပ်သိန်း ၁၀၀ ကျော်ရရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၏ ကျည်အတောင့် ၁၀၀၀၀ Challenge ကို မတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ နှစ်ပတ်ကြာ ပြုလုပ်ရာ ကျပ်သိန်း ၁၀၀ ကျော် ရရှိကြောင်း ကလေး ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်များထံက သိရသည်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၏ ကျည်အတောင့် ၁၀၀၀၀ Challenge ကို မတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ နှစ်ပတ်ကြာ ပြုလုပ်ရာ ကျပ်သိန်း ၁၀၀ ကျော် ရရှိကြောင်း ကလေး ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်များထံက သိရသည်။

စစ်အာဏာရှင်အား လက်နက်ကိုင် တိုက်ပွဲ ပြင်းထန်စွာ ဆင်နွဲရာ ဒေသ ဖြစ်သည့် ကလေးမြို့တွင် ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များ ကျည်ဆံ ဝယ်ယူရာတွင် ခက်ခဲသည့် အပြင် ဈေးတက် နေသဖြင့် တပ်ရင်း သုံးခုမှ တာဝန်ရှိသူများ ပူးပေါင်းကာ နှစ်ပတ် အတွင်း ကျည်ဆံ ၁၀၀၀၀ ရရှိရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

''ကျည်အတောင့် တစ်သောင်း Challenge ခေါ်ထားခဲ့တဲ့ သတ်မှတ်ရက် နှစ်ပတ် ပြည့်တဲ့နေ့မှာ ကျည်အတောင့် တစ်ထောင်ကျော်ဖိုး ရခဲ့ပါတယ်။ Challenge Failed ဖြစ်ခဲ့ပေမယ့် တစ်ခဲနက် လှူဒါန်း ပေးကြတဲ့ အလှူရှင် တစ်ဦး တစ်ယောက်ချင်း စီတိုင်းကို အထူးကျေးဇူး တင်ပါတယ်။ ကလေးမြို့မှာ ကျည်ဆံ ဝယ်ရတာ ခက်ခဲသလို ကျည်ဆံဈေးက ဈေးကြီး ဈေးတက်နေတယ်။ AK ကျည်ဆိုရင် တစ်သောင်း ဝန်းကျင်လောက် ပေးဝယ်ရပါတယ်။ M 4 ကျည်ဆိုရင် ခြောက်ထောင်၊ ခုနစ်ထောင်နဲ့ ပေးဝယ်ရပါတယ်။ ဈေးကြီးတဲ့ အပြင် ဝယ်ရတာ ခက်ခဲပါတယ်။ ပြည်သူတွေရဲ့ ပါဝင် ကူညီမှုကို ကျွန်တော်တို့ အစဉ်အမြဲ လိုအပ်ပါတယ်။ အရေးတော်ပုံ အောင်ဖို့ အတွက် ပြည်သူတွေ ကလည်း ဝိုင်းဝန်း ကူညီပေးကြပါ'' ဟု ၎င်းက ပြောသည်။

အဆိုပါ ကမ်ပိန်းမှ စုစုပေါင်း အလှူငွေ ၁၁၆, ၃၃၀၀ (တစ်ရာ တစ်ဆယ့်‌ခြောက်သိန်း သုံး‌သောင်း သုံးထောင်) ကျပ် ရရှိပြီး ကလေးခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၆) တပ်ရင်းနှင့် အမှတ် (၈) တပ်ရင်း သုံးခုမှ ခွဲဝေကြောင်း ပြည်သူများ လှူဒါန်းသော အလှူငွေများ ကိုယ်ကျိုး အတွက် တစ်ပြား တစ်ချပ်မှ မသုံးစွဲဘဲ တပ်ရင်းတွင် လိုအပ်နေသော ကျည်ဆန်များ ဝယ်ယူ၍ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်း တော်လှန်မည်ဟု ကလေး ပြည်သူ့ကာကွယ်ရေး တပ်ရင်းမှ ရဲဘော်များက ဆိုသည်။

****************************************************************
END / 251