၃၀ မတ် ၂၀၂၂ - ၁၈:၀၀
ဆော်ဒီ မဟာမိတ် အဖွဲ့ သည် ယီမင်အပေါ် စစ်ရေး အရ တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းရန် ကြေညာ

ယီမင် အဆင့်မြင် နိုင်ငံ ရေး ကောင်စီ ၏ ဥက္ကဋ္ဌ ဘက်မှ တစ်ဖက်တည်း ၃ရက်ကြာ အပစ် အခတ်ရပ်စဲရေး ကို ကြေညာပြီးနောက် ဆော်ဒီ မဟာမိတ် အဖွဲ့ မှ လည်း ယီမင် အပေါ် စစ်ရေး အရ တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းရန် ကြေညာ ခဲ့ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်မီယာဒီးန် ၏ သတင်း အထောက်အထားများ အရ ဆော်ဒီ နှင့် ၎င်း မဟာမိတ် အဖွဲ့ မှ လွန်ခဲ့သည့် ၇ နှစ် ကတည်းက ယီမင် အပေါ် တိုက်ခိုက် နေတာ ဖြစ်ပါတယ်။ နောက်ဆုံး ဗုဒ္ဓဟူးနေ့ နနက် ၆ နာရီ တွင် ယီမင် အပေါ် စစ်ရေး အရ တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းရန် ကြေညာ ခဲ့ပါတယ်။

ဆော်ဒီ မဟာမိတ် အဖွဲ့ ကွပ်ကဲသူမှ ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်မှာ ဤရပ်ဆိုင်း မှုသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များ ၏ အောင်မြင်မှု နှင့် လမြတ် ရမ်တွာန် တွင် တည်ငြိမ် အေးချမ်းရေး ရှိစေရန် အတွက် ရည်ရွယ် ချက်ကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဆော်ဒီ မဟာမိတ် အဖွဲ့၏ ဤ ထုတ်ပြန် ကြေညာချက်သည် ယခင်ထက် ယီမင်ပြည်သူ လူထု အား ပိုမို၍ ထိခိုက်နစ်နာစေရန် ကြိုးပမ်းနေချိန် နှင့် အတိတ် တွင် အစ္စလာမ် သာသနာတော်၏ အလေးအမြတ် ထားသည့် လများကို လည်း မရိုမသေ ၊ မလေးမစားပြု၍ယီမင် ပြည်သူ လူထာ အား တိုက်ရိုက်၊နေ့စဉ် လူမဆန်စွာ ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုများ ကို ပြုနေချိန် ထွက်ပေါ် လာခြင်းဖြစ် ပါတယ်။ ဇေလ်ဟဂ်ျလမြတ် ဖြစ်စေ ၊လမြတ်ရမ်တွာန် ၏ မင်္ဂလာရှိသည့် ရက်များ ဖြစ်စေ မည်သို့မျှ ဂရုမပြုဘဲ ဆော်ဒီ မဟာမိတ်အဖွဲ့ မှ ယီမင်ပြည်သူလူထု အပေါ် လူမဆန် ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခြင်းကို ရပ်ဆိုင်းခဲ့ခြင်း မရှိခဲ့ကြပေ။

ဗလီ ဝတ်ကျောင်းတော်များ ၊ ကျောင်းများ ၊ကျောင်းကားများ ဆေးရုံများ ၊ လူနေအိမ်များ၊ အစားအသောက်နှင့် ဆေးဝါး သိုးလှောင်ရုံများ နှင့် လူစုလူဝေးများ စသည် တို့ သည် အတိတ်တွင် ဆော်ဒီ ၊ အမေရိကန် နှင့် ၎င်းတို့၏ မဟာမိတ်အဖွဲ့များ ၏ လေကြောင်း နှင့် မြေပြင်တိုက်ခိုက်မှု ၏ ပစ်မှတ်များ ဖြစ်ခဲ့ရပါတယ်။

နားလည်သဘောပေါက်ထားရမည်မှာ - ယီမင် အဆင့်မြင် နိုင်ငံ ရေး ကောင်စီ ၏ ဥက္ကဋ္ဌ မဲဟ်ဒီ အလ်မရှာသွ် ဘက်မှ ဆော်ဒီ အားဘက်ပေါင်းစုံမှ တိုက်ခိုက်မှု အား ၃ရက်တိုင် မိမိတို့ဘက်မှ ရပ်ဆိုင်း သွားမည် ဖြစ်ကြောင်း ကြေညာပြီးနောက်ဆော်ဒီ အာရေးဗီးယား ဘက် မှ မိမိတို့ ၏ တပ်သား များ အားလုံးကို ယီမင် ပိုင်နက်မှ ဆုတ်ခွာသွားပေမည်၊ပြီးနောက် ယီမင်ပြည်သူလူထု အပေါ် ဝိုင်းရံ ပိတ်ဆို မှုများကို ဖယ်ရှားပေးသွားမည်ဆိုလျင် ယီမင်ဘက်မှ အမြဲတမ်း အပစ် အခတ်ရပ်ဆိုင်း မှု ကြေညာ သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှ ဆော်ဒီ နှင့်၎င်း၏ မဟာမိတ်အဖွဲ့များ အား ငြိမ်းချမ်းရေးလမ်းကြောင်း အား ရပ်ဆိုင်းသွားစေ နိုင်သည့် ခြေလှမ်း အားလုံးကို ရှောင်ကြဉ်ကြရန် တောင်းဆိုခဲ့ပါတယ်။

မဲဟ်ဒီ အလ်မရှာသွ် မှ ယီမင် ပြည်သူ လူထု ၏ ၈ နှစ်တာ ခံနိုင်ရည် စွမ်းအား နှင့်ခုခံမှု စွမ်းအား ပြသည့် ကာလ အတွင်း နိုင်ငံတော် ၏ ကာကွယ်ရေး ကဏ္ဍ မှာ ယီမင် နိုင်ငံ အပေါ် ကျူးကျော် နိုင်ငံများ အတွက် ထိတ်လန့်စရာ ကောင်းသည့် သတင်းများပေါ်ထွက်လာမည် ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။

ကျွမ်းကျင်သူများ ၏ အဆိုအရ ဆော်ဒီ အာရေးဗီးယား ၏ ဤဆုံးဖြတ်ချက်သည် မကြာသေမီက ဂျစ်ဒဟ် ရှိ ဆော်ဒီ အကြီးဆုံး ရေနံကုမ္ပဏီ အာရာမ်ကို အမည်ရှိ ကုမ္ပဏီ အပေါ် ယီမင် စစ်တပ်၏ ပြင်းထန်သည့် တိုက်ခိုက်မှု ၏ အကျိုးသက်ရောက် မှု ကြောင့် ဖြစ်ကြောင်း ဆို ကြပါတယ်။ ဆော်ဒီ အကြီးဆုံး ရေနံကုမ္ပဏီ အာရာမ်ကို ကုမ္ပဏီ သည် ဆော်ဒီ အတွက် အသက်သွေးကြောတစ်ခု ဖြစ်ပြီး မကြာမီ ရက်ပိုင်းအလျင် ယီမင် စစ်တပ်၏ ဒရုန်းများ နှင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ၎င်းကုပ္မဏီ ၏ အစိတ်အပိုင်း အများအပြားတွင် မီးလောင်း ခြင်းဖြစ်ပွားခဲ့ပြီး မီးများကို မထိန်းချုပ် နိုင်ခဲ့ကြောင်း သိရှိ ခဲ့ရပါတယ်။ ယီမင် ပြုသူများ အပေါ် ပြုလုပ်ထားသည့် စစ်ပွဲ နှင့် လူမဆန်သည့် လုပ်ရပ်များ အတွင်း ယီမင် စစ်တပ် နှင့် ပြည်သူ့ တပ်များ ၏ ကာကွယ် ရေး စွမ်းအား နှင့် အင်အား များတွင် အဆက်မဖြတ် တိုးတက်နေသည်ကို တွေ့ရှိမည် ဖြစ်ပါတယ်။

ဤအချက်ကို ဆော်ဒီ အာရေးဗီးယား နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု တို့ မှ ယီမင် စစ်တပ်၏ တန်ပြန် တိုက်ခိုက်မှု များ ဖြင့် ထင်ရှားစွာ သိနိုင်ပါတယ်။

****************************************************************

END / 251