အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘင်္ဂါလီလူမျိုးတွေရဲ့ လူ့အဖွဲ့အစည်းအပေါ် ကူညီပံ့ပိုးပေးမှုကို ဂုဏ်ပြုတဲ့အနေနဲ့ လန်ဒန်မြို့ မြေအောက်ဘူတာရုံတစ်ခုက လမ်းညွှန် ဆိုင်းဘုတ်တွေကို ဘင်္ဂါလီ ဘာသာစကားနဲ့ပါ ရေးထိုးပေးထားပါတယ်။
လန်ဒန်မြို့အရှေ့ပိုင်းက Whitechapel ဘူတာဖြစ်ပြီး အဲဒီပတ်ဝန်းကျင်ဟာ ဘင်္ဂါလီလူမျိုး အများအပြား နေထိုင်ရာဒေသလည်း ဖြစ်ပါတယ်။
အာဏာပိုင်တွေဟာ မူရင်း အင်္ဂလိပ်ဘာသာစကားနဲ့ ရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေမှာ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးနှစ်ပတ်လည်နေ့ဖြစ်တဲ့ မတ်လ ၂၆ ရက်နေ့မတိုင်ခင်
အင်္ဂလိပ်၊ ဘင်္ဂါလီ နှစ်ဘာသာနဲ့ ဆိုင်းဘုတ်တွေကို အစားထိုးခဲ့တာပါ။
Whitechapel ဒေသ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဘင်္ဂါလီလူမျိုးတွေဖြစ်ပြီး ထင်ရှားကြာညောင်းတဲ့ သမိုင်းကြောင်းမျိုးလည်း ရှိပါတယ်။
“မတူကွဲပြားသူတွေ ညီညွတ်မှုဟာ လန်ဒန်မြို့ရဲ့ အကြီးမားဆုံး အင်အားတစ်ခုပါ။ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးနေ့မတိုင်ခင် Whitechapel ဘူတာမှာ လမ်းညွှန်ဆိုင်းဘုတ်တွေ ပြောင်းလိုက်တာ သိပ်ကောင်းပါတယ်။ ဘင်္ဂါလီ လန်ဒန်သားတွေရဲ့ အရေးပါတဲ့ ကူညီမှုကို အသိအမှတ်ပြု၊ ဂုဏ်ပြုတာမျိုးဟာ ကျွန်တော်တို့မြို့နဲ့ Tower Hamlets ရပ်ကွက်ကို ပိုပြီး ရုပ်လုံးပေါ်သွားစေပါတယ်” လို့ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက Facebook မှာ ရေးသားခဲ့ပါတယ်။
****************************************************************
END / 251
၃၀ မတ် ၂၀၂၂ - ၁၉:၂၈
News ID: 1243223
ဘင်္ဂါလီလူမျိုးတွေရဲ့ လူ့အဖွဲ့အစည်းအပေါ် ကူညီပံ့ပိုးပေးမှုကို ဂုဏ်ပြုတဲ့အနေနဲ့ လန်ဒန်မြို့ မြေအောက်ဘူတာရုံတစ်ခုက လမ်းညွှန် ဆိုင်းဘုတ်တွေကို ဘင်္ဂါလီ ဘာသာစကားနဲ့ပါ ရေးထိုးပေးထားပါတယ်။