၂ ဧပြီ ၂၀၂၂ - ၁၉:၂၆
 ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF BO- 8 မွမ်းမံသင်တန်း အောင်မြင်စွာ ကျင်းပပြီးစီး

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF Bo- 8 က ရဲဘော်များအတွက် မွမ်းမံသင်တန်းကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF Bo- 8 က ရဲဘော်များအတွက် မွမ်းမံသင်တန်းကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

မွမ်းမံသင်တန်းတွင် အဖွဲ့သုံးဖွဲ့ခွဲပြီး တစ်ဖွဲ့တိုက်ပွဲဝင်၊ နောက်တစ်ဖွဲ့က ကင်းတာဝန်နှင့် နောက်တစ်ဖွဲ့က လေ့ကျင့်မှုများကို အဆက်မပြတ်ကြိုးစားပြုလုပ်နေကြခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် ရဲဘော်များအနေဖြင့် လက်ထဲတွင် သစ်သားတုတ်ဖြင့်ပြုလုပ်ထားသည့် သေနတ်အစား သေနတ်အစစ်များ ကိုင်ခွင့်ရနိုင်ရန် ပြည်သူများအနေဖြင့် ထောက်ပံ့မှုများပြုလုပ်ပေးကြရန်လည်း မေတ္တာရပ်ခံ တောင်းဆိုထား သည်။

****************************************************************
END / 251