အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်း နှစ်ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အရာရှိ တစ်ဉီး အပါဝင် ကိုးဉီး သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) က ယနေ့ ဧပြီလ ၂ ရက်တွင် ထုတ်ပြန်သည်။
ယနေ့ နံနက် ၁၁ နာရီ ၃၀မိနစ်က ချန်ပြုန်းရွာ အနီး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဉီး သေဆုံးကာ အများအပြား ဒဏ်ရရှိကြောင်း ဆိုသည်။
ဧပြီလ ၁ ရက် နေ့လယ် ၁ နာရီခန့်က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များ မတူပီမြို့မှ ၁၀မိုင်အကွာ မတူပီ - မင်းတပ် လမ်းမပေါ်တွင် ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းထိသဖြင့် အရာရှိ တစ်ဉီး အပါအဝင် သုံးဉီး သေဆုံးပြီး ဒဏ်ရာ ရရှိသူများ ရှိကြောင်း သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အနီးနားရှိ တောများအား မီးရှို့ခဲ့ကြောင်း တိုက်ပွဲ နှစ်ခုတွင် CDF- Matupi ဘက်မှ ထိခိုက်သူ မရှိကြောင်း ဆိုသည်။
မတူပီ အခြေစိုက် စစ်ကောင်စီတပ်ရင်းများ အင်အား ဆက်လက် ဖြည့်တင်းနေ သဖြင့် ဆုတောင်းခြင်းဖြင့် သတိရပေးကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်း ထားသည်။
မတ်လ ၃၁ ရက်နေ့ ကလည်း မတူပီ-မင်းတပ် လမ်းပေါ်ရှိ ချန်ပြန်း ရွာသစ်နှင့် ရွာဟောင်းကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ၎င်းတို့ ရဲဘော် နှစ်ဉီး ကျဆုံးကြောင်း CDF – Matupi ထံမှ သိရသည်။
****************************************************************
END / 251
၂ ဧပြီ ၂၀၂၂ - ၂၁:၀၃
News ID: 1244108
ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်း နှစ်ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အရာရှိ တစ်ဉီး အပါဝင် ကိုးဉီး သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) က ယနေ့ ဧပြီလ ၂ ရက်တွင် ထုတ်ပြန်သည်။