အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရခိုင်အမျိုးသားအဖွဲ့ချုပ် ( ULA/AA) ၏ ရက္ခိုင့်တပ်တော် တည်ထောင်ခြင်း (၁၃)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် အဖွဲ့အစည်းအသီးသီးမှ ဂုဏ်ပြုသဝဏ်လွှာများကို ပေးပို့ခဲ့ကြသည်။
ဂုဏ်ပြုသဝဏ်လွှာများပေးပို့ထားသည့်အဖွဲ့အစည်းများမှာ ပလောင်ပြည်နယ်လွှတ်မြောက်ရေးတပ်ဦး - PSLF /TNLA ၊ လူထုတော်လှန်ရေးမဟာမိတ်မဟိုကော်မတီPRA (Magway)၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO) / ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ ရန်ကုန် အခြေစိုက် တက္ကသိုလ်ကျောင်းသားသမ္မဂများ (တကသများ-ရန်ကုန်) ကျောင်းသားလက်ရုံးတပ်တော် (က.လ.တတ)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) စသည့် မဟာမိတ်အဖွဲ့များက ပေးပို့ထားခြင်း ဖြစ်သည်။
သဝဏ်လွှာများတွင် ယနေ့ကျရောက်သည့် (၁၃)ကြိမ်မြောက်ရက္ခိုင့်တပ်တော်နေ့ကို ဂုဏ်ယူဝမ်းမြောက် ကြောင်းနှင့် ညီနောင်မဟာမိတ်အဖွဲ့များအနေဖြင့်လည်း မိမိတို့ရရှိထားသည့် စည်းလုံးညီညွတ်မှုအပါ အဝင် တိုင်းရင်းသားအချင်းအချင်းအပြန်အလှန်လေးစားပြီး အာဏာရှင်စနစ်မှလွတ်မြောက်ရန် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားကြသည်။
ထို့အပြင် ယနေ့မြန်မာ့နိုင်ငံရေးအကြပ်အတည်များမှ ရခိုင်ပြည်နယ်အား လွတ်လပ်တရားမျှတပြီး ကိုယ် ပိုင်ပြဠာန်းဆုံးဖြတ်ခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်းတီးနိုင်ရေး၊ အမျိုးသားရေးနစ်နာချက်များ ပြည်လည် ရရှိရေးတို့အပါအဝင် ငြိမ်းချမ်း၍ ကောင်းမွန်သဟာဇာတဖြစ်သော လူအဖွဲ့အစည်းပေါ်ထွန်းလာ စေရန် မျှော်မှန်းကြောင်း သဝဏ်လွှာများက ဆိုသည်။
ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများမှပေးပို့သည့် သဝဏ်လွှာတွင် ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီမှအာဏာသိမ်းပြီးနောက် ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) မှ တပ်ဖွဲ့ဝင်များမှာ (AA) ၏ အထောက်အပံ့ဖြင့် လွတ်မြောက်နယ်မြေများတွင် အခြေခံစစ်ပညာများကိုသင်ယူကာ ကျောင်းသားလက်ရုံးတပ်တော်( SAF) ကိုတည်တောင်ခဲ့သည်ဟု ဖော်ပြထားသည်။
လူထုတော်လှန်ရေးမဟာမိတ်ဗဟိုကော်မတီ PRA (Magway)အနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၏ စစ်ရေးဆိုင်ရာအထောက်အပံများနှင့် မိမိတို့ဒေသမှ စစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့်ရှောက်ပေးမှုများကိုလည်း ဝမ်းမြောက်ဝမ်းသာလက်ခံရရှိကြောင်း ဆိုသည်။
ယနေ့ကျရောက်သည့် (၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားကို ယာယီဌာနချုပ်အပါအဝင် ရက္ခိုင်တပ်တော်အခြေစိုက်သည့် နေရာများတွင် စည်သည်ကားကား ကျင်းပပြုလုပ်နေကြောင်းလည်း သိရသည်။
ရက္ခိုင့်တပ်တော် (AA) ကို ကချင်ပြည်နယ်၊ KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် လူငယ် ၂၉ ဦးဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
****************************************************************
END / 251
ရက္ခိုင့်တပ်တော် တည်ထောင်ခြင်း(၁၃) နှစ်ပြည့်အခမ်းအနားသို့ ညီနောင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အဖွဲ့အစည်းအသီးသီးမှ ဂုဏ်ပြုသဝဏ်လွှာများပေးပို့
၁၀ ဧပြီ ၂၀၂၂ - ၁၉:၂၉
News ID: 1246829
ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရခိုင်အမျိုးသားအဖွဲ့ချုပ် ( ULA/AA) ၏ ရက္ခိုင့်တပ်တော် တည်ထောင်ခြင်း (၁၃)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် အဖွဲ့အစည်းအသီးသီးမှ ဂုဏ်ပြုသဝဏ်လွှာများကို ပေးပို့ခဲ့ကြသည်။