အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲခံ ပြီး လပိုင်းအနီးငယ် အကြာ ၁၉၇၈ ခုနှစ် ၏လမြတ် ရမ်တွာန် ၁၃ရက်နေ့ တွင် လမြတ်ရမ်တွာန် တိုင်း၏ နောက်ဆုံးအပတ် ၏သောကြာနေ့ အား ကွဒ်စ်နေ့ အဖြစ် ကျင်းပရန် ဟဇရသ် အေမာမ် ခိုမေနီ (ရ.ဟ) မှ အဖိနှိပ်ခံ ပါလက်စတိုင်း သား များ ကို ကူညီဖေးမ ပြီး ၎င်းတို့ဖက်မှ ရပ်တည် ကြောင်း ပြသရန် အတွက် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ထိုနေ့ တွင် သောကြာနမာဇ် ကို ဝတ်မပြုမှီ အလျင် ပါလက်စတိုင်း နိုင်ငံအား အစ္စရေး ဇီယွန်များ၏ ကျူးကျော် ထားခြင်း နှင့် ပါလက်စတိုင်း ပြည်သူလူထု အပေါ် ရက်စက်ညှည်းပန်း နှိပ်စက် သတ်ဖြတ် ခြင်းကို ဆန့်ကျင် သည် အနေဖြင့်ဆန္ဒပြ ကြပါတယ်။ ပြီးနောက် သောကြာနမာဇ်အား စုပေါင်း ၍ မိုဆွာလဟ် သို့မဟုတ် ဂျအ်မေ့ ဗလီ ဝတ်ကျောင်း တော်များ တွင် ဝတ်ပြုကြပါတယ်။
ယခုအခါ နိုင်ငံ အတော် များများ တွင် ကွဒ်စ်နေ့ကို အကြီးအကျယ် ကျင်းပနေကြပြီး ဖြစ်ပါတယ်။
ကွဒ်စ်နေ့ သည် မွတ်စလင်မ်များ ကို နိုးကြားစေပြီး မိမိတို့၏ ရန်သူများ ရှေ့ တွင် အချင်းချင်း ညီညွတ် မှုကို ပြသ ရသည့်နေ့ ဖြစ်ပါတယ်။ ဤကွဒ်စ်သည် ပါလက်စတိုင်းများ နှင့် သာ သက်ဆိုင်သည် မဟုတ်ဘဲ မတရား ကျုးကျော် မှု ညှည်းပန်း နှိပ်စက်သတ်ဖြတ်ခြင်း ကို ဆန့်ကျင်သူ လက်မခံသူ တစ်ဦးချင်းဆိုင် နှင့်လည်း သက်ဆိုင်ပါတယ်။
****************************************************************
END / 251
၂၉ ဧပြီ ၂၀၂၂ - ၁၁:၃၇
News ID: 1252892