၁၆ မေ ၂၀၂၂ - ၁၉:၀၉
   မြန်မာ့ရွှေဈေး ကျပ်သိန်း၂၀ အထက် ပြန်ရောက်

မြန်မာ့ရွှေဈေးဟာ မေလ ၁၆ ရက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ရဲ့ အဖွင့်ဈေးအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားဟာ ကျပ်သိန်း ၂,၀၄၂,၀၀၀ အထိ ပြန်လည်မြင့်တက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



မြန်မာ့ရွှေဈေးဟာ  မေလ ၁၆ ရက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း  YGEA ရဲ့ အဖွင့်ဈေးအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားဟာ ကျပ်သိန်း ၂,၀၄၂,၀၀၀ အထိ ပြန်လည်မြင့်တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက် သောကြာနေ့မှာ YGEA ရဲ့ အကယ်ဒမီမီးလင်းရွှေ အဖွင့်ဈေးက ကျပ် ၁၉,၄၆,၇၀၀ သာရှိခဲ့တာဖြစ်လို့ ၃ ရက်အတွင်း ကျပ် ၁ သိန်းဝန်းကျင် ပြန်လည်မြင့်တက်ခဲ့တာပါ။

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က  ပြုလုပ်တဲ့ ရွှေကုန်သည်တွေနဲ့ YGEA တို့ရဲ့ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ  ရွှေဆိုင်တွေ၊ ရွှေကုန်သည်တွေက YGEA သတ်မှတ်တဲ့ဈေးနှုန်းကို ၅၀၀၀ ကျပ် ပေါင်းထည့်ပြီး ဈေးနှုန်းသတ်မှတ် အရောင်းအ၀ယ် ပြုလုပ်ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ လက်တွေ့ မြေပြင်ဈေးကွက်မှာတော့ YGEA ရဲ့ အဲဒီသတ်မှတ်ဈေးနဲ့ ဈေးကွက်အတွင်း ရောင်းချခြင်းမရှိဘူးလို့  ရွှေဝယ်ယူစုဆောင်းသူတွေထံက သိရပါတယ် ။

“ပြီးခဲ့တဲ့ရက်ပိုင်းကဆို YGEA ရဲ့ သတ်မှတ်ဈေးက တစ်ကျပ်သားကို ၁၉၄၆၀၀၀ လောက်ထိ ပြန်ကျသွားတယ်။ အဲဒီဈေးနဲ့ ဝယ်ချင်တဲ့သူတွေ များတယ်။ ဒါပေမဲ့ ရွှေဆိုင်တွေက မရောင်းဘူး။ ဈေးကို ဟန်ပြပဲ တင်ထားကြတာ။ အလျော့တွက်ပါတဲ့ ရွှေအချောထည်တွေပဲ ရောင်းတယ်” လို့ ရွှေဝယ်ယူစုဆောင်သူ တစ်ဦးက ပြောပါတယ်။

သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနဲ့သာ အသင်းရုံးအတွင်း  အရောင်းအဝယ် ပြုလုပ်ခွင့်ရှိကြောင်း ဒီနေ့ မေ ၁၆ ရက်နေ့မှာ YGEAက ထပ်မံ အသိပေးချက် ထုတ်ပြန်ထားပါတယ်။

အသင်းရုံးခန်းပြင်ပမှာ အရောင်းအဝယ် ပြုလုပ်ပါက အသင်းစည်းကမ်းနဲ့အညီ အရေးယူမယ်လို့ လည်း ထုတ်ပြန်ထားပါသေးတယ်။

ဒီနေ့မှာ YGEA ရဲ့ သတ်မှတ်ဈေးနှုန်းက တစ်ကျပ်သားကို ကျပ် ၁ သိန်းဝန်းကျင်အထိ အတက်ကြမ်းခဲ့ပေမဲ့  ကမ္ဘာ့ရွှေဈေးကတော့ ကျဆင်းနေပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်မှာ ကမ္ဘာ့ရွှေ ၁ ထရိုင်အောင်စကို ၁၈၂၆ ဒေါ်လာရှိခဲ့ပြီး၊ ဒီနေ့ မေ ၁၆ ရက်မှာ  ၁ ထရိုင်အောင်စကို  ၁၈၀၅ ဒေါ်လာကို  ပြန်လည်ကျဆင်းခဲ့တာ တွေ့ရပါတယ်။


****************************************************************
END / 251