အရ်ဗအီးန်အချိန်အခါတွင်
ပြီးခဲ့သည့် နှစ်များနည်းတူ ဌာနဆိုင်ရာ များ ၊ ဘာသာရေး အဖွဲ့အစည်းများ
သာသပြုအဖွဲ့အစည်းများ ၊ ကယ်ဆယ်ရေးနှင့်ကျန်းမာရေး အဖွဲ့အစည်းများ ၊
ဝန်ဆောင်မှုနှင့လုံခြုံရေး ဌာနများ မှ အီရတ်နိုင်ငံသို့ အရ်ဗအီးန်
ပြုလုပ်ရန် ရောက်ရှိလာကြာသည့် သန်းပေါင်းများစွာသော လူအုပ်ကြီးကို
ဝန်ဆောင်မှုပေးနိုင် ၊အကျိုးပြု ပံ့ပိုးပေးနိုင်ပြီး
အရေးကြီးလိုအပ်ချက်များကို ဆောင်ရွက်ပေး နိုင်ရန် ကြိုးပမ်းနေကြောင်း
သိရှိရပါတယ်။
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏လက်အောက်ခံ
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) အီရတ် သည်လည်း ဤ ဌာနများ မှ တစ်ခု
အပါအဝင်ဖြစ်ပြီး နှစ်စဉ် နှစ်တိုင်း အကျိုးပြုဝန်ဆောင်မှု အများအပြား ကို
အီရတ်နိုင်ငံ နေရာအနှံ့ ရှိ ပြည်တွင်းပြည်ပ ဇေယာရသ်ပြု ရန်
လာရောက်သူများကို ပေးနေကြောင်း ဖြစ်ပါတယ်။ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) အီရတ် ၏ တာဝန်ခံ ဥက္ကဋ္ဌ H.I ပဲဟ်လဝန်ဇါဒေဟ် ဗေဟ်ဗဟာနီ မှ မဂျ်မအ်၏ ဤ နှစ် ဝန်ဆောင်မှုများကို ပြောကြားရင်း ယခုနှစ် ၂၀၂၂ခုနှစ်အရ်ဗအီးန် အချိန်အခါတွင်လည်း အေမာမ် ဇမာန်း (အ.ဂျ) ၏ ကြည့်ရှု စောင့်မမှုကြောင့် ဇေယာရသ်ပြုသူများ အတွက် ဘာသာရေး ဆိုင်ရာဝန်ဆောင်မှုများ နှင့် အကျိုးပြုပေးမှုများပြုနိုင်ရန် စွမ်းအား အား အလ္လာဟ်ဟို အရှင်မြတ်ဘက်မှချီးမြှင့်ခဲ့သည့် အတွက်ကြောင့် ဝန်ဆောင်မှုပေး အကျိုးပြု ပေး နေကြောင်း ပြောကြား ခဲ့ပါ တယ်။
၎င်းမှဆက်လက်ပြီး မဂျ်မအ်၏ စတုဒိသာ တဲ ၏ ဘေးတွင် ((ဗွန်နယာဒ်ဒေ ဗိုင်နိုမင်လလ်လီအာရှုရာ )) ၏ စတုဒိသာ တဲကို လည်းစီစဉ်ထား ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ထောင်ပေါင်းများစွာသော ဇေယာရသ် ပြုသူများသည် ကျနော်တို့၏ စတုဒိသာ တဲ နှစ်တဲ သို့ လာရောက် ခဲ့ကြောင်း ၎င်းဇေယာရသ် ပြုသူများသည် ဤတဲ နှစ်တဲတွင် တစ်ည (သို့) ၂ည အိပ်စက်ကြပြီးမှ ခရီးဆက်ကြကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး
ဘာသာရေး နှင့် ဇေယာရသ် အရ်ဗအီးန် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်း
အာလင်မ်များ၏ တရားဓမ္မများဟောကြားခြင်း ၊ အေမာမ်ဟိုစိုင်းန် (အ.စ) ၏
တော်လှန်ရေး ၏ ရည်ရွယ်ချက်များ ရလာဒ်များကို တင်ပြခြင်း ၊သံသယ ဖြစ်ဖွယ်
မေးခွန်းများ နှင့် ရှရီအီဆိုင်ရာ အမေးများ အတွက် အဖြေ ပေးခြင်း တို့ ဖြစ် ဤ
စတုဒိသာ တဲ နှစ်ခု မှ ပြုပေးနေကြောင်း ပြောကြားခဲ့ပါတယ္။
၎င်းမှဆက်လက်ပြီး ဤစတုဒိသာ တဲ နှစ်တဲ အတွက် အာဂါယေ ရေဖယအလ်မာစီ ဦးဆောင်သည့် အဇ်ဇဲဟ်ရာအ် (စ.အ) အဖွဲ့ဝင် ၇၀ဥိးခန့် သည် အခက်အခဲများနှင့် တတ်စွမ်းနိုင်မှု အကန့် အသတ်များရှိနေလျက် ဝန်ဆောင်မှုများပေးနေကြာင်း ဤတဲ နှစ်တဲ အပြင် ((နေဒါအေ အလ်အက်ဇွာ))စတုဒိသာ တဲနှင့်ပူးပေါင်းဆောင်ရွက်မှုပြုနေကြောင်းကရ်ဗလာ တက္ကသိုလ် ၏ ဘေးတွင်ရှိကြောင်း ဧည့်ခံမှုများ ပြုနေကြောင်း ((နေဒါအေအလ်အက်ဇွာ))စတုဒိသာ တဲတွင် အဲဟ်လေ့စွန္နသ် ဖွဖ်သီများ ၊ ဘာသာရေး လှုပ်ရှားသူများ ပါဝင်ပြီး လက်ဘနွန် ၊ပါလက်စတိုင်း နှင့်ဆီးရီးယားနိုင်ငံမှာ အေမာမ်ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် သို့ ရောက်ရှိလာကြသည့် ရှီအဟ် ဇေယာရသ်ပြုသမားများကို အကျိုးပြု ပေး နေကြောင်း ပြောကြားခဲ့ပါတယ်။
H.I ပဲဟ်လဝန်ဇါဒေဟ် ဗေဟ်ဗဟာနီ မှ ဆက်လက်ပြီး တိုင်အမှတ် ၈၃၃ရှိ စတုဒိသာတဲ တွင် မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ နှင့် ရှုရာယေ အာလီ ၏ ဥက္ကဋ္ဌ အာယာသွလ္လာဟ် အဲခ်သရီ နှင့် ရှုရာယေ အာလီ ၏ ဒုဥက္ကဋ္ဌ အာယာသွလ္လာဟ် ဒူရေနဂျဖ် တို့တရားဓမ္မအစီအစဉ်များ ရှိကြောင်း စသည်ဖြင့် ပြောကြားခဲ့ ပါတယ်။
****************************************************************
END / 251