လူသိများသော ရှီအဟ် အာလင်မ် ရှိက္ခ် မိုဟမ္မဒ် အလ်အေဗါဒ် အား ကို လွတ်ပေးပြီးနောက် ခုနစ်လခန့်အကြာတွင် ဆော်ဒီအစိုးရက ၎င်းအား အကြောင်းပြချက် နှင့် အထောက်အထား မရှိဘဲ ထပ်မံဖမ်းဆီးခဲ့ပါတယ်။
ရှိက္ခ် မိုဟမ္မဒ် အလ်အေဗါဒ် အား အလ်ဟစါအ် ပြည်နယ်ရှိ အလ်အိုမရာန် မြို့ တွင် စက်တင်ဘာလ ၁၆ ရက်၊ ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး အမည်မသိနေရာသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ ထိုအချိန်တွင် ဆော်ဒီတရားရုံး မှ ရှီအဟ် အာလင်မ် ရှိက္ခ် မိုဟမ္မဒ် အလ်အေဗါဒ် အား ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခဲ့ပြီး ၎င်းအား အလားတူကာလတွင် ခရီးသွားခြင်းမှ တားမြစ်ခဲ့ပါတယ်။
Al Jazeera Mirror ၏ အဆိုအရ ရှီအဟ် အာာလင်မ် ရှိက္ခ် မိုဟမ္မဒ် အလ်အေဗါဒ်သည် ၂၀၂၂ ခုနှစ် မတ်လတွင် အထိ ၃ နှစ်ခန့် ထောင်ကျခဲ့ပါတယ်။ ရှိက္ခ် မိုဟမ္မဒ် အလ်အေဗါဒ် သည် နိုင်ငံသားများ၏ အခွင့်အရေးများ ကို ခုခံကာကွယ် ပြောကြားခြင်း နှင့် အကျင့်ပျက်ခြစားမှုနှင့် အာလေ့ဆအူဒ် ၏ လုပ်ရပ်များကို ရဲရင့် စွာ ဝေဖန် ထောက်ပြသည့် ဖမ်းဆီးခြင်းခံခဲ့ရ ခြင်း ဖြစ်ပါတယ်။
****************************************************************
END / 251