အလာမာ မဂျ်လေစီ (ရ.ဟ) မိန့်သည်မှာ - ဤဒိုအာ အား ကြာသပတေးည တွင်ပြီးနောက်တစ်ပတ် ကြာသပေတေးည တွင် စတင်ဖတ်ရွတ်သည့်အခါ အကွယ်မှအသံထွက်လာ၏။ မဂျ်လေစီ ... ခင်ဗျား အနေဖြင့် ဤဒိုအာ အား ပြီးခဲ့သည့် ကြာသပတေးညက ဖတ်ခဲ့သည် ဆဝါးဗ်ကို ရေးနေသည်မှာအခုထိ မပြီးသေးပါ။ဤအတွက်ကြောင့် အတတ်နိုင်ဆုံး ကြာသပတေးညတွင်ဖတ်ရသည့်ဒိုအာ အား တစ်ကြိမ်တော့ ကြာသပတေးညတွင်ဖတ်ကိုဖတ်သင့်ပါသည်။
အင်န်ရှာအလ္လာဟ် ... စာရင်းအင်းမရှိဆဝါးဗ်ရရှိမည် ဖြစ်ပါသည်။
ကျမ်းကိုး - ဗေဟာရွလ်အန်နဝါရ် ကျမ်း အတွဲ ၁၀၃ ၊ စာမျက်နှာ ၃၅
ဒိုအာ မြန်မာ အသံထွက်
ဗစ်မေလ္လာဟ်ဟေရဲဟ်မန်နေရဟီးမ် ၊ အလ်ဟမ်ဒိုလစ်လ္လာဟ်ဟေ မင်အောင်ဝလေဒ်ဒွန္နယာ အေလာ ဖနာအေဟာ ဝမေနလ်အာခေရသေ အေလာ ဗကာအေဟာ ဝလ်ဟမ်ဒိုလစ်လ္လာဟ်ဟေအလာ ကွန်လ်လေ နေအ်မသင်န်ဝ် ဝအက်စ်သဂ်ဖေရိုရ်လ္လာဟ်ဟမင်ကွန်လ်လေ ဈန်မ်ဗင်န်ဝ် ဝအသူဗိုအေလိုင်းဟေ ယာအရ်ဟမရ်ရာဟေမီးန်
ဒိုအာ ၏ အဓိပ္ပာဟ်
အလ္လာဟ်ဟို အရှင်မြတ်၏ ချီးမွမ်းထောမနမှုသည် လောကစတင်မှုအချိန်မှစ၍ လောက ပျက်စီးချိန် အထိ၊ပြီးနောက် အာခေရသ် (ခ) တမလွန်မှ စ၍ တမလွန် ကျန် ရှိနေသည့်အချိန်အထိ ဖြစ်ပါသည်။ အလ္လာဟ်ဟိုအရှင်မြတ်ချီးမြှင်တော်မူသည့်နေအ်မသ် (ခ)ကောင်းချီးမင်္ဂလာတိုင်းအတွက် အရှင်မြတ်အား ကျေးဇူးတင်ပါသည်။ ကျနော်မျိုး ၏အပြစ်ဂိုနဟ်တိုင်း အတွက် အလ္လာဟ် ဟို အရှင်မြတ်ထံ ခွင့်လွတ်ပလပ်ပေး သနားတော်မူ ရန်တောင်း ခံ အပ်ပါသည်။ အလ္လာဟ်ထံ တော်တွင် ဝန်ချတောင်းပန်အပ်ပါသည်။ အို ! အလွန်တရာ သနားကြင်နာ တော်မူသည့်အရှင် ၊ဂရုဏာ ရှိတော်မူသည့် အရှင် မြတ်
****************************************************************
END / 251