၉ ဒီဇင်ဘာ ၂၀၂၂ - ၂၂:၃၅
အီရန်နိုင်ငံ တွင် ဒီဇင်ဘာလ ၉ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၁ ဦး သေဆုံး

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြန်ကြားရေး နှင့် ဆက်သွယ်ရေး စင်တာ မှ ကိုရိုနာ ရောဂါ နှင့် ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ အထိ ထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။  


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

မနေ့ မှစ၍ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံ ရသူအသစ် ၁၉ ဦး ဖြစ်ပြီး ၊ ၎င်းတို့ မှ ၈  ဦး မှာ ဆေးရုံတက် နေရပြီး ၊ စုစုပေါင်း ရော ဂါသည်မှာ ၇၅၆၀၀၆၇  ဦး ရှိသွား ပြီး ဖြစ်ပါတယ်။

 

ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄ နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်း အတာ အရ ၁  ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်း အလ္လာဟ် ဟို အရှင် မြတ် ခံသွားသူဦးရေမှာ ၁၄၄၆၅၂ ဦး ဖြစ်ကြောင်း သိရှိရပါတယ်။

 

ကံကောင်းထောက်မစွာဖြင့် ယခုအချိန်အထိ ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များမှ ၇၃၃၅၄၄၄ ဦးပြန်လည်ကောင်းမွန် သွားပြီး (သို့မဟုတ်) ဆေးရုံ မှဆင်းသွားပြီး ဖြစ်ပါတယ်။

 

၆၈ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ဆေးရုံတက် ၍ အထူး ကြပ်မတ် စောင့်ရှောက် ကုသမှု ကိုခံယူလျက် ရှိနေပါတယ်။

 

လက်ရှိ အခြေအနေအထိ အီရန်တစ်နိုင်ငံလုံး တွင် ၅၄၆၄၂၅၁၈ ဦး အား ကိုရိုနာ ရောဂါ ရှိမရှိ စိစစ် သွား ပြီး ဖြစ် ပါတယ်။

 

အီရန် နိုင်ငံတွင် မြို့ပေါင်း ၀ မြို့ သည် အနီရောင် နှင့် မြို့ပေါင်း ၃ မြို့သည် လိမ္မော်ရောင် ဖြစ်ပါတယ်။   မြို့ပေါင်း ၉၄ မြို့တွင် အဝါရောင် ဖြစ်ပြီး ၃၅၁  မြို့ သည် အပြာရောင် ဖြစ်ပါတယ်။

 

အစီရင်ခံစာ အရယခု ချိန်အထိ ကိုရိုနာကာကွယ်ဆေး ပထမ‌မြောက် ဆေးထိုးသူ မှာ ၆၅၁၄၄၇၆၈ ဦး ၊ ဒုတိယ မြောက် ဆေးထိုးသူမှာ ၅၈၅၅၄၂၈၄ ဦး နှင့် တတိယ မြောက် ဆေးထိုးသူမှာ ၃၁၃၈၅၇၀၉ ဦး ထိုးပြီးဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်း အတာ ဖြင့် ကိုရိုနာ ကာကွယ်ဆေး စုစုပေါင်း ၁၅၅၀၈၄၈၄၂ ဦးထိုး ထားပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

 

****************************************************************

 

END / 251