အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီ အစိုးရ မှ ကသီးဖ် နှင့် သာရိုသ် ရှိ အိမ်ခြံ မြေ များကို သိမ်းယူခြင်းကို အရှိန်ပြင်း စွာ ပြုလုပ်လာပြီး မဇ်ဟဗ်ဆိုင်ရာ အဓိကရုဏ်း တစ်ခုဖြစ်စေမည့် ခြေလှမ်း ကိုလှမ်းနေပြီး ရှီအဟ် အများစု နေထိုင်သည့် ဒေသကို ထိန်းချုပ် နိုင်ရန် ဖိအားပေး တိုးမြင့် ဆောင်ရွက်နေပါတယ်။
အလ်ဂျဇီရဟ် ကြေးမုံ ၏ဖော်ပြချက်အရ ဆော်ဒီအာဏာပိုင်များ မှ သာရိုသ်ကျွန်းရှိ အိမ်ခြံမြေများ အရောင်းးအဝယ် ကို တားဆီး ခဲ့ ပြီး သာရိုသ်ကျွန်း ဗဟိုစျေး (ခ) မြို့မ စျေး ရှိ ဆိုင်ရှင်များကို နှစ်ပတ်အတွင်း ဆိုင်များ ကို ပြောင်း ရွေ့ ထား ရန် အချိန်ပေးထားကြောင်း ဖြစ်ပါတယ်။
တဆက်တည်း တွင် ကသီးဖ် စည်ပင် မှ အလ်ဒီဗီယဟ် မြို့သစ် ရှိ အိမ်ရှင်မြေရှင်များ ကို ၎င်းတို့ ပိုင်ဆိုင်မှုပြစနသ် များ ယူလာရရန် အကြောင်းမှာ ဤ ဧရိယာ ရှိ ဒါဇင်ထက် မကသည့် အိမ်များ ဆိုင်များကို ဖြိုချ ပစ်မည်ကို စိုးရိမ် ရသည့် အတွက်ကြောင့် ဖြစ်ပါတယ်။
မကြာသေးမီက ဆော်ဒီအစိုးရက ကသီးဖ် ပြည်နယ်ကို အရှေ့ပိုင်းနှင့် အနောက်ပိုင်း နှစ်ပိုင်းအဖြစ် ပိုင်းခြားရန် ဆုံးဖြတ်ခဲ့ပြီး ဒုတိယအပိုင်းကို အလ်ဗိုင်စာ ပြည်နယ်ဟု အမည်ပေးခဲ့ခြင်းကြောင့် သိရှိရ ပါတယ်။
ကသီးဖ် ရှိ ဆော်ဒီအာဏာပိုင်များ၏ ဖြိုခွင်းမှုအစီအစဉ်များသည် ဤနေရာတွင် မပြီးဆုံးသေးဘဲ တီရွတ်ကျွန်းနှင့် ကသီးဖ် ကမ်းခြေများအပါအဝင် ကမ်းရိုးတန်းဒေသများစွာကို တည်ဆောက်မှုထက် ပြဿနာတက်ခဲ့ပါတယ်။
ဆော်ဒီ ၏ အခြားသော အစ္စလာမ်ဆန့်ကျင်ရေး လုပ်ရပ်များထဲတွင်၊ ကသီးဖ် နှင့် အအလ်ဟစ ရှိ အဆောက်အဦများ၊ ရွာများ၊ ရဲတိုက်များနှင့် ရွာဟောင်းများကို ဖျက်ဆီးခြင်းများကို ဖော်ပြနိုင်သည်။ ဤအဆောက်အအုံများ၏ သမိုင်းဝင်ခေတ်သည် လွန်ခဲ့သောနှစ်ပေါင်း ရာနှင့်ချီ၍ ဖျက်ဆီးရင်း ဖျက်စီးနေကြပါတယ်။
ဤအရာအားလုံးသည် ဆော်ဒီ အစိုးရ၏ ဂိုဏ်းဂဏနှင့် နိုင်ငံခြားရေးပေါ်လစီနှင့် သက်ဆိုင်သည်၊ အကြောင်းမှာ ၎င်းတို့သည် အုပ်ချုပ်ရေးနှင့် နိုင်ငံရေး ဆုံးဖြတ်ချက်ချရာတွင် ရှီအဟ် အား မည်သည့် သြဇာကြီးသော ရာထူးနေရာတွင် ရှိမည် ကို လက်မခံသောကြောင့် ဖြစ်တယ်။
ဆော်ဒီ ၏ ယုတ်မာသော အကြံအစည်သည် သာရိုသ်ကျွန်းရှိ ပြည်သူများအား စိတ်ပူစေခဲ့ပြီး အထူးသဖြင့် အရှေ့ပိုင်းဒေသမှ လူများသည်ဆော်ဒီ အစိုးရထံမှ စိတ်ပျက်စရာနှင့် အချည်းနှီးသော ကတိများကို မတွေ့ခဲ့ရဘဲ၊ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။
ကသီးဖ် ဧရိယာရှိ ဆောက်လုပ်ရေး ပရောဂျက်နှင့် ပတ်သက်၍ ရေယဇ် ၏ ကတိများကို စောင့်ဆိုင်းကာ အရေးယူခဲ့ပြီး ထိုဒေသ၏ သမိုင်းဝင် ရဲတိုက်ကြီး ဖျက်ဆီးခံခဲ့ရသည်။ ရေယဇ် ၏ အရှေ့ဘက်ဒေသရှိ ပြည်သူများ၏ ယဉ်ကျေးမှု၊ သမိုင်းနှင့် လူမှုရေးဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးမည့် မူဝါဒမှာ မရပ်တန့်သေးဘဲ ဆော်ဒီ အစိုးရက ဒေသတွင်း မြို့များနှင့် ကျေးရွာများကို ဆက်လက် တိုက်ခိုက်ကာ ဒေသကို စနစ်တကျ ဖျက်ဆီးနေသော်လည်း ဘေးအန္တရာယ်က ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
****************************************************************
END / 251