၂၆ ဒီဇင်ဘာ ၂၀၂၂ - ၁၂:၂၉
ခရစ္စမတ်နှင့် နှစ်သစ်တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ၏ နှုတ်ခွန်းဆက်သဝဏ်လွှာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ကြီး H.I ‌ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ထံ ဟဇရသ် အီစာ (စ.အ) (ခ) ဟဇရသ် ယေရှု (အ.စ) ၏မွေးနေ့ ခရစ္စမတ် နှင့် လာမည့် ၂၀၂၃ နှစ်သစ်ကူး အတွက် ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်ဘာသာဝင်များအား မင်္ဂလာ အပေါင်းခညောင်း စေရန် ရေးသားထားသည့် နှုတ်ခွန်းဆက် သဝဏ်လွှာ တစ်စောင် အား ပေးပို့ ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ကြီး H.I ‌ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်  ပေးပို့ခဲ့သည့် နှုတ်ခွန်းဆက် သဝဏ်လွှာတွင် ဟဇရသ် အီစာ (စ.အ)  (ခ) ဟဇရသ် ယေရှု (အ.စ) ၏မွေးနေ့ သည် လူသားချင်း ချစ်ခင် မှုကို မြှင့်တင်မှု နှင့် အဖိနှိပ်ခံများ ၏အောင်ပွဲကို ရှေ့ပြေး ပြောကြားခဲ့သူ ကို တမ်းတရန် အကောင်း တကာ အကောင်းဆုံး အချိန် အခါ  ဖြ်ကြောင်း ရေးသား ဖော်ပြထားပါတယ်။

 ၎င်းသဝဏ်လွှာ တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ကြီး မှဟဇရသ် အီစာ (အ.စ) သည်  အင်အား ကို အားကိုးသူများ ၏ ဖိနှိပ်  ရက်စက် ၊ အကြမ်ဖးက်မှုကို ဆန့်ကျင် ပြီး  ကြံ့ကြံ့ခံ ရပ်တည် လူ့အခွင့်အရေး ကို သရုပ်ဖော်ပြခဲ့သည့် တမန်တော်မြတ် တစ်ပါး ဖြစ်ကြောင်းဖော်ပြ ရေးသားထားပါတယ်။

ဆက်လက်ပြီး သမ္မတကြီး မှ စူရဟ်မာရီမ်ရှိ ဟဇရသ် အီစာ (အ.စ) (ခခ) ဟဇရသ် ယေရှု (အ.စ) ၏ မြင့်မားသောရာထူးနှင့် အဆင့်အတန်းကို ညွှန်ပြပြီး ကျမ်းမြတ်ကုရ်အာန်၏အခန်းငယ်များကို ရည်ညွှန်းကာ လွတ်လပ်မှု၊ ကယ်တင်ရှင်၏သတင်းနှင့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းမျှော်လင့်ချက်တို့ကို ဖော်ပြ ရေးသား ထားပါတယ်။

နှစ်သစ်တွင် ဟဇရသ် အီစာ (အ.စ) အပါအဝင် တမန်တော်မြတ်များ အားလုံး ၏  အဖိုးမဖြတ်နိုင်သော သွန်သင်ချက်များကို မှီခိုအားထားကာ မြင့်မြတ်၊တန်ဖိုးရှိသည့် လမ်းစဉ်တွင် ဇွဲနပဲဖြင့် လူသားတို့၏ ပျော်ရွှင်မှု၏အစကို ဦးတည်စေပြီး လူမျိုးအချင်းချင်း တရားမျှတမှုနှင့် ချစ်ခြင်းမေတ္တာကို တိုးပွားစေရန် ပြုရမည် ဖြစ်ကြောင်းရေးသားထားပါတယ်။

ဒီဇင်ဘာလ 25 ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်များသည် ဟဇရသ် အီစာ (အ.စ) ဟဇရသ် ယေရှု  (အ.စ) ၏မွေးနေ့ နှင့် ခရစ္စမတ်ကို ကျင်းပကြသည်ကို သတိပြုသင့် ပါ တယ်။

ဟဇရသ် အီစာ (အ.စ) ဟဇရသ် ယေရှု (အ.စ) သည် အလ္လာဟ်အရှင်မြတ်၏ အနန္တတန်ခိုးရှင်၏ ရွေးချယ်ထားသော တမန်တော်မြတ်များ (အ.စ) မှ  တစ်ပါး ဖြစ်ပြီး  ၎င်းအား ကျမ်းမြတ်ကုရ်အာန်တွင် လေးလေးစားစား ထပ်ခါတလဲလဲ ဖော်ပြထာပြီး  ရှရီအသ် ရထားသည့် တမန်တော်မြတ် (အ.စ) တစ်ပါး ဖြစ်ပါတယ်။

အဗ်နာ သတင်းဌာန ဘက်မှ လည်း ကြည့်ရှုသူများနှင့် ပရိတ်သတ်များအားလုံး ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်နှင့် ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါ တယ်။

****************************************************************

END / 251