ဆော်ဒီ ၏ ကျူးကျော် စစ်ကို ခံနေသည့် ယီမင် ဒုက္ခသည် ကို တော့ မကူညီဘဲ ယူကရိန်း ဒုက္ခသည် များ အတွက် မီးစက် ဒုတိယ အသုတ်ကို ယူအေအီး ပေးပို့
၇ ဇန်နဝါရီ ၂၀၂၃ - ၁၉:၂၁
News ID: 1336764

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဆောင်းရာသီကို မီးမရှိဘဲ ဖြတ်သန်းနေရတဲ့ ယူကရိန်းဒုက္ခသည်တွေအတွက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က မီးစက် ဒုတိယ အသုတ်ကို ပေးပို့လိုက်ပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဆောင်းရာသီကို မီးမရှိဘဲ ဖြတ်သန်းနေရတဲ့ ယူကရိန်းဒုက္ခသည်တွေအတွက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က မီးစက် ဒုတိယ အသုတ်ကို ပေးပို့လိုက်ပါတယ်။
မီးစက်အလုံးရေ စုစုပေါင်း ၂၅၀၀ ပေးပို့ကူညီသွားမယ်လို့ ယူအေအီးက ဒီဇင်ဘာမှာ ကြေငြာခဲ့ပြီး ပထမအသုတ် အလုံး ၁၂၀၀ ကို ပေးပို့ပြီးဖြစ်ပါတယ်။
သောကြာနေ့က ပေးပို့ခဲ့တဲ့ အခုဒုတိယအသုတ်မှာတော့ အလုံး ၁၃၀၀ ပါ၀င်ပါတယ်။
ဒါဟာ ယူကရိန်းကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖိုး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်မယ့် အစီအစဥ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ဒီအစီအစဥ်ကို အောက်တိုဘာလမှာ ယူအေအီးက ကြေငြာခဲ့တာပါ။
ဒါပေမဲ့ ယူအေအီး အတွက် ဆော်ဒီ ကျူးကျော် စစ်ကို ၈နှစ်တာ ခံနေပြီး ဖြစ်တဲ့ ယီမင် နိုင်ငံ အတွက် လူ သားချင်း စာနာ ထောက်ထားမှုဆို တာ ကို အသံပင် မထွက်နိုင် ရဲ ရှာ ချေ။
****************************************************************
END / 251