အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ဆေးလိပ်သောက်ခြင်း ဆိုင်ရာ ရှရီအီ မေးမြန်း ချက်များ အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။
မေးခွန်း
ဆေးလိပ်သောက်ခြင်း ၊ ကလီယန်း ( ပန်းအိုးပုံစံခွက်အတွင်းရေထည့်ထားပြီးအပေါ်မှာ ဆေးရွက်ကြီး ၎င်းအပေါ်တွင် မီးခဲ တင်ပြီး ပိုက်တန်ဖြင့် သောက်ရသည့် အရာ) နှင့်ပတ်သက်ပြီး မည်သို့ အမိန့် ရှိပါသနည်း ?
အဖြေ
အကယ်၍ ဆေးလိပ်သောက်ခြင်း ဖြင့် အနာဂတ် တွင် ကြီးမားသည့် အန္တရာယ် နှင့် ရင်ဆိုင်ရမည်မှာ သေချာပေါက်ဖြစ်မည် သို့မဟုတ် ဖြစ်နိုင်ချေရှိသည့်ပြီးနောက် အသိဥာဏ်ရှိသူများ မှ ကြောက်သည့် အရာ တစ်ခု ဖြစ်လျင် ဆေးလိပ်သောက်ခြင်းသည် ဟရာမ် ဖြစ်ပါသည်။ အကယ် ကြီးမားသည့် အန္တရာယ်မှ ထိန်းသိမ်း နိုင်မည် ၊ အလွန်အကျွံသောက်ခြင်းမျိုးမဟုတ်လျင် ပြဿနာ မရှိချေ။ (သောက်နိုင်ပါသည်။)
မေးခွန်း
ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါနှင့် ကင်ဆာဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်ပြီး တစ်ခါတစ်ရံတွင် အသက်တိုစေသည်ဟု ဆရာဝန်များက ဆိုသည်၊ ထို့ကြောင့် အောက်ပါလူများ အတွက် ဆေးလိပ်သောက်ခြင်းဆိုင်ရာ အမိန့်မှာ မည်သို့ ရှိပါ သနည်း ?
၁။ ဆေးလိပ်စသောက်ချင်သူ
၂။ ဆေးလိပ် စွဲနေသူတစ်ယောက်
၃။ ဆေးလိပ်သောက်သူဘေးမှာ ထိုင်သူဟာ ထိခိုက်နစ်နာမှုတွေ ခံစားရတတ်တယ်လို့ ဆရာဝန်တွေက ပြောထား သည့်အတွက် ၎င်းတို့ဘေးတွင် ထိုင်နိုင်ပါသလား ?
အဖြေ
၁။ အကယ်၍ ဆေးလိပ်သောက်ခြင်း ဖြင့် အနာဂတ် တွင် ကြီးမားသည့် အန္တရာယ် နှင့် ရင်ဆိုင်ရမည်မှာ သေချာပေါက်ဖြစ်မည် သို့မဟုတ် ဖြစ်နိုင်ချေရှိသည့်ပြီးနောက် အသိဥာဏ်ရှိသူများ မှ ကျန်ူမား=ရေးကို ထိခိုက်ကြောင်း ပြောထားသည့် အရာ ဆိုလျင် ဆေးလိပ်သောက်ခြင်းသည် ဟရာမ် ဖြစ်ပါသည်။ အကယ် ကြီးမားသည့် အန္တရာယ်မှ ထိန်းသိမ်း နိုင်မည် ၊ အလွန်အကျွံသောက်ခြင်းမျိုးမဟုတ်လျင် ပြဿနာ မရှိချေ။ (သောက်နိုင်ပါသည်။)
၂။ ဆေးလိပ်ဆက်သောက်ခြင်းကြောင့် ဆိုးရွားစွာ ထိခိုက်မှုရှိပါက ဆေးလိပ်သောက်ခြင်းကို စွန့်လွတ် သင့်ပါသည်။ အကယ်၍ ဆေးလိပ်သောက်ခြင်းကို ဖြတ်မည်ဆိုလျင် ဆေးလိပ်ဖြတ်ခြင်းထက် ပိုဆိုးသော အခြားဆိုးကျိုးများရှိ မည် သို့မဟုတ် သည်းမခံနိုင်သည့် အခြေအနေတွင် ရှိမည် ၊ယေဘုယျအားဖြင့် သည်းခံ နိုင်စွမ်း မရှိ တော့မည်ဆိုလျင် ပြဿနာ မရှိချေ။ (သောက်နိုင်ပါသည်။ )
၃။ ပထမအဖြေ ၏ အဖြေ အတူတူ ဖြစ်ပါသည်။
မေးခွန်း
အချို့သောဘတ်စ်ကားများနှင့် ယာဉ်များတွင် "ဆေးလိပ်သောက်ခြင်းကို တားမြစ်သည်" ဟူသော စာသား ပါရှိသောကြောင့် ထိုသို့သောနေရာများတွင် ဆေးလိပ်သောက်ခွင့်ရှိပါသလား ?
အဖြေ
ကားစီးနင်းသူလက်ခံထားတဲ့ စည်းကမ်းချက်ဖြစ်မည် သို့မဟုတ် ၎င်းနိုင်ငံ၏ လိုက်နာ ရမည့် သတ်မှတ် စည်းကမ်း များ မှ ဖြစ်မည်ဆိုလျင် စည်းကမ်းချက်အတိုင်း လိုက်နာ ရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။ ဤစည်းကမ်းအား ဆန့်ကျင်ခွင့် ဖောက်ဖျက်ခွင့် မရှိချေ။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251