အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ် ပြည်နယ်မှာ အိန္ဒိယစစ်တပ်က တိုက်လေယာဥ်နှစ်စီး ဒီကနေ့မနက်ပိုင်းမှာ ပျက်ကျခဲ့ပြီး လေယာဥ်မှူးတစ်ဦး သေဆုံးခဲ့ပါတယ်။
လေ့ကျင့်မှုပြုလုပ်နေစဥ်အတွင်း လေပေါ်မှာ တိုက်မိတာ ဖြစ်နိုင်တယ်လို့ ပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။
ပျက်ကျသွားတဲ့ တိုက်လေယာဥ်တွေဟာ ရုရှားလုပ် Sukhoi 30 နဲ့ ပြင်သစ်လုပ် Mirage 2000 တို့ ဖြစ်ပါတယ်။ Sukhoi 30 တိုက်လေယာဥ်က လေယာဥ်မှုး ၂ ဦးဟာ အချိန်မီ ခုန်ထွက်နိုင်ခဲ့ပြီး Mirage 2000 လေယာဥ်က လေယာဥ်မှုးက ဒဏ်ရာအပြင်းအထန်ရကာ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။
အိန္ဒိယလေတပ်က ဒီအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလတုန်းကလည်း တရုတ်နဲ့ နယ်မြေပြဿနာဖြစ်ပွားနေတဲ့ အရူနာချာ ပရာဒက်ရှ်ပြည်နယ်မှာ အိန္ဒိယစစ်တပ်က ရဟတ်ယာဥ်နှစ်းစီး ပျက်ကျမှု သီးခြားစီ ဖြစ်ပွားခဲ့ပြီး စုစုပေါင်း စစ်သား ၆ ဦး သေဆုံးခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက ရုရှားလုပ် Mi-17 ရဟတ်ယာဥ်တစ်စီး ပျက်ကျရာမှာ အိန္ဒိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီပင် ရာ၀ပ်အပါအ၀င် လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။
****************************************************************
END / 251
၂၈ ဇန်နဝါရီ ၂၀၂၃ - ၁၉:၀၂
News ID: 1341791

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ် ပြည်နယ်မှာ အိန္ဒိယစစ်တပ်က တိုက်လေယာဥ်နှစ်စီး ဒီကနေ့မနက်ပိုင်းမှာ ပျက်ကျခဲ့ပြီး လေယာဥ်မှူးတစ်ဦး သေဆုံးခဲ့ပါတယ်။