၃၀ ဇန်နဝါရီ ၂၀၂၃ - ၁၉:၂၀
ပေရှာဝရ် ရှိ ရဲလိုင်း ဗလီတွင် ပြင်းထန်သည့်  အသေခံ ဗုံး ပေါက်ကွဲမှုကြောင့် လူ ၄၄ ဦး သေဆုံးပြီး ၁၅၇ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ ခိုင်ဗဲရ်ဗတ်ခ်သူခန်း ပြည်နယ်တွင် အသေခံ ဗုံးကွဲ အကြမ်းဖက်တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွားခဲ့ ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စဟဲရ် သတင်း ဌာန ၏ သတင်း အထောက်အထား များ အရ  ပေရှာဝရ် ရှိ ရဲလိုင်း ဗလီတွင် ပြင်းထန်သည့်   အသေခံ ဗုံး ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ၎င်းပေါက်ကွဲမှု ကြောင့် နမာဇ် ဝတ်ပြုသူ ၄၄ ဦး သေဆုံးပြီး ၁၅၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဆေးရုံသတင်းရင်းမြစ်များ အရ ဒဏ်ရာရသူ ၃၀ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ဗလီတွင် လူ ၃၀၀ မှ ၄၀၀ ခန့် တက်ရောက် ဝတ်ပြဒခဲ့ကြောင်း သိရှိရပါတယ် ။

ရဲတပ်ဖွဲ့၏ အဆိုအရ  ရဲလိုင်း ဗလီဝတ်ကျောင်းတော်တွင် ဇဟိုရ် နမာဇ် ဝတ်ပြုနေစဿ် ပထမတန်းမှ အသေခံ ဗုံးခွဲသူသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့ခြင်း ဖြစ်ပြီး  ပေါက်ကွဲသံကို ကျယ်ကျယ်ပြန့်ပြန့် ကြားခဲ့ရသည် ဟု သိရှိရပါတယ်။

အသေခံဗုံးခွဲ တိုက်ခိုက်မှု ကြောင့် ရဲလိုင်းဗလီ၏ ခေါင်မိုးပြိုကျကာ  ပြိုကျ ဖျက်စီးသွားသည့် အမိုး များ အောက်တွင် လူအများအပြား ယခု အချိန် အထိ ပိနေကြောင်း သိရှိရပါတယ်။

အစိုးရ တာဝန်ရှိသူများက အဆိုပါ နယ်မြေကို ပိတ်ဆို့ထားပြီး ဖြစ်ပါတယ်။ ကယ်ဆယ်ရေး ဝန်ထမ်းများ သည် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ဒဏ်ရာရသူများကို ဗလီမှ ကယ်ထုတ် လျက်ရှိပါတယ်။

ဒဏ်ရာရရှိသူများကို Lady Reading ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ကယ်ဆယ်ရေး သတင်းရင်းမြစ် များအရ သိရှိရပါတယ်။

Lady Reading Hospital  တာ ဝန် ရှိသူများ မှ ပြည်သူများ သွေးလှူဒါန်းကြပါရန် မေတ္တာရပ်ခံထား ကြောင်း  ပေရှာဝရ် မြို့ ရှိ ဆေးရုံ များ အားလုံး ကို အရေးပေါ် အခြေအနေ အဖြစ် ကြေညာ ထားကြောင်း သိရှိရပါတယ်။

****************************************************************

END / 251