ကွမ်းမြို့ အခြေဆိုက် ရဲဟ်ဗရ် ရုံး ၏ ရှရီအီ အမေးအဖြေကို ဖြေ ကြားပေးသူ H.I ဆရက်ဒ် သွဗါသွဗါရီ ၏ ဖြေကြား ချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ၏ ရုံး / ကွမ်း မှ မိမိမြို့ မဟုတ်ဘဲ အခြား တစ်မြို့ သို့ သွားရောက်ပြီး အဲအ်သေကာဖ် ထိုင်ခြင်း ကိစ္စ နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ရုံး / ကွမ်း ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။
မေးခွန်း
ရှရီအီမေးခွန်း မေးချင်ပါတယ်။ ကွမ်းမြို့ တွင်နေထိုင်သူ တစ်ဦးတစ်ယောက်သည် အဲအ်သေကာဖ် ထိုင်ရန် တီဟီရန် မြို့ သို့ သွားပါမည်။မလွဲမသွေ တီဟီရန် မြို့ တွင် ၁၀ရက်နေရန် လိုပါသလား ? သို့မဟုတ် ၃ရက်၄ ရက်သာ နေမည်ဆိုလျင် ၎င်း ၏အဲအ်သေကာဖ်သည်မှန်ပါသလား(ပိုင်းပါသလား) ?
အဖြေ
တီဟီရန် တွင် မလွဲမသွေ ၁၀ ရက်နေရမည် ဖြစ်ပါတယ်။ သို့မဟုတ် ကွမ်းမြို့ တွင် နဇရ်ရေရှရီအီ ပြုရမည်ဖြစ်ပြီး ခရီးစဥ် တွင် ရိုဇဟ် ထားရမည်ဖြစ်ပါသည်။
မေးခွန်း
နဇရ်ရေရှရီအီ ကို ပြုချိန် တွင် အာရဘီ ဘာသာ ဖြင့် စီးကဟ် ဖတ်ရန် အရေးကြီးပါသလား ?
အဖြေ
စီးကဟ် အား အာရဘီ ဘာသာဖြင့် ဖြစ်စေ ၎င်း အာရဘီ ဘာသာ စီးကဟ် အား ဘာသာပြန်ထားသည့် အခြားဘာသာ စကား တိုင်းဖြင့် ပြုနိုင်ပါတယ်။
မှတ်ချက် ။ ။ တစ်ချို့ အဲဟ်ကာမ်များ သည် လွယ်မရောင်ဖြင့် ခက်ပြီး နက်ပါတယ်။ ဤ အတွက် ကြောင့် ကိုယ်သေချာ မသိသည့် ကိစ္စ တိုင်း သက်ဆိုင်ရာ မရ်ဂျအ်များ၊ ၎င်းတို့၏ ရုံးများ၊ စိတ်ချရသည့် ပညာရင့်ဝါရင့် အာလင်မ် ကြီးများ ထံ မေးမြန်း ပြီးမှ လုပ်သင့် ကြောင်း တင်ပြလိုက်ပါတယ်။
ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251