အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမီးရိုလ် မိုအ်မေနီ ဟဇရသ်အလီ ဗင် အဘီသွာ လစ်ဗ် (အ.စ) ၏ မွေးနေ့ ညတွင် ရှရီအီ အရ အရွယ်ရောက် ကျောင်းသူ သမီးငယ်များ ကို ဂုဏ်ပြုသည့် အနေဖြင့် (( ကောင်းကင် တမန်များ အားဂုဏ်ပြုပွဲ )) ကျင်းပခဲ့ပါတယ်။ ထိုဂုဏ်ပြုပွဲ အခမ်းအနား အား ရှရီအီ အရ အရွယ်ရောက် ကျောင်းသူ သမီးငယ် ရာနှင့်ချီ ပြီး တက်ရောက် နေရာယူခဲ့ကြပါတယ်။ ဤအခမ်းအနား အား တီဟီရန် မြို့ ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အေမာမ် ဘာရာ တွင် ကျင်းပခဲ့ ခြင်း ဖြစ်ပါတယ်။
တက်ကြွ ရွှင်လန်းသော အငွေ့အသက်များဖြင့် ကျင်းပသည့် ဤအခမ်းအနားတွင် ရှရီအီ အရွယ်ရောက် ကျောင်းသူ သမီးငယ်များ မှ မိမိတို့၏ အခမ်းအနား အား နမာဇ်ဇေဂျမာအသ် စုပေါင်း ဝတ်ပြု ခြင်း ဖြင့် စတင်ခဲ့ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာ အီ မှ လည်း ရှရီအီ အရွယ်ရောက် ကျောင်းသူ သမီးငယ်များ ကို မောင်လာအလီ (အ.စ) မွေးနေ့ မင်္ဂလာ အထိမ်းအမှတ် အဖြင့် အီးဒ် မိုဘာရတ်က် ပြောကြားပြီး မိန့်ခွန်း တို ကို မိန့်ကြားခဲ့ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ ဤကဲ့သို့ မိန့်ကြားခဲ့ပါတယ်။ ကျနော် ၏ ချစ်လှ စွာသော သမီးငယ်များ ၊ တက်သစ်စ ပန်းကလေးများ ... တရားတော်အရ အရွယ်ရောက် သမီးငယ်များ ကို ဂုဏ်ပြုအခမ်းအနား ကျင်းပ ခြင်းသည် အမှန်တကယ်အီးဒ် တစ်ခု ဖြစ်ကြောင်း အကြောင်း မှာ ချစ်သမီးငယ်များဟာ တရားတော် အရ အရွယ်ရောက်လာသည့်နှင့် အချိန်မှ စ၍ အလ္လာဟ် ဟို အရှင်မြတ် မှ သမီး တို့ အား စကားပြောြခင်း ဆိုသည့် အရည်အချင်းကို ပိုင်ဆိုင်ရပြီး ဖြစ်ပါတယ် ။ သမီးတို့ ထမ်းဆောင် ရမည့်တာဝန်များကို အလ္လာဟ် ဟို အရှင်မြတ်မှ ပေးအပ်ပြီး ဖြစ်ပါတယ်။ အလ္လာဟ်ဟို အရှင်မြတ် မှ အမိန့်ပေးသည့် အရွယ်ရောက်လာခြင်းဆိုသည့် အဆင့်မှာ အလွန်တန်ဖိုး ကြီးမားသည့် အဆင့် ဖြစ်ပါတယ်။
ဆက်လက်ပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ ချစ်လှစွာသော သမီးငယ်များ သည် တရားတော် အရ အရွယ်ရောက်လာသည် ဖြစ်၍ ကလေးငယ်များ မဟုတ်ကြတော့ဘဲ ဆယ်ကျော် သက်အရွယ်များ ဖြစ်လာကြပြီး ဖြစ် ကြောင်း မိသားစု ၊ ကျောင်း နှင့် အရွယ်တူများ နှင့် ကစားသည့် နယ်ပယ် တွင် မိမိတာဝန် ကိုကျေပွန် ဖို့ အကျိုးသက်ရောက် သူ ဖြစ်ဖို့ တခြားသူများ ကို လမ်းမှန် ညွှန်ကြား သူဖြစ်ရန် ပြုလုပ်ဖို့ ဤတာဝန်သည် ကျွန်ုပ်တို့ အားလုံး တာဝန် ဖြစ်ကြောင်း မိန့်ကြားခဲ့ ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာ အီ မှ ဆယ်ကျော်သက် သမီးငယ်များ အား အလွန်တရာ သနားကြင်နာသည့် အလ္လာဟ်ဟို အရှင်မြတ် အား ချစ်မြတ်နိုးရန် အကြံပေးခဲ့ပါတယ်။ သမီးငယ်များ အနေဖြင့် ယနေ့မှ စပြီး မိမိတို့ ၏ တောက်ပ ကြည်လင် ပြီးဖြူစင်သည့် နှလုံးသား ပိုင်ရှင် များ ဖြစ်သည့် အတွက် အလ္လာဟ် ဟို အရှင်မြတ် ၏ အချစ်တော် ဖြစ်လာနိုင်ကြောင်း ဤ အတွက် နည်းလမ်းများ မှ တစ်ခု မှာ အလ္လာဟ် ဟို အရှင်မြတ် နှင့် စကားပြောခြင်းဆိုလိုသည်မှာ နမာဇ် ဝတ်ပြု ခြင်း ဖြစ်ရာ မိမိ ဝတ်ပြုသည့် နမာဇ် ၏ စာသားများ အား နားလည် သဘောက်ပေါက်အောင် လုပ်ရမည် ဖြစ်ကြောင်း အခြား နည်းလမ်းတစ်ခု မှာ အလ္လာဟ် ဟို အရှင် မြတ် ပြုလုပ်ခိုင်း သည့် အလုပ်များ ကိုပြုလုပ် ခြင်း နှင့် တားမြစ်ထားသည့် အလုပ်များ ကို ရှောင်ကြဥ် ခြင်း ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး အီရန်နိုင်ငံသမိုင်းတွင် ကြီးမြတ်ပြီး သြဇာကြီးမားသော အမျိုးသမီးများ၏ ထက်မြက်မှုအား ရည်ညွှန်း၍ မိန့်ကြားရင်း ယနေ့ခေတ်တွင် အတိတ် ခေတ်ထက် ပိုပြီး နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်ယူဖွယ်ဖြစ်သော သိပ္ပံနည်းကျ၊ လက်တွေ့နှင့် ဂျီဟတ်ဒ် ကဏ္ဍများတွင် ပိုမိုထူးချွန်ပြီး တာဝန်သိသော အမျိုးသမီးများ ရှိလာပြီး ဖြစ်ကြောင်း ချစ်သမီးငယ်များ အနေဖြင့်လည်း စာသင်ခြင်း စာအုပ်များ လေ့လာခြင်း အလုပ်လုပ်ခြင်း တွေးခေါ်ခြင်း ဖြင့် အနာဂတ် တွင် နိုင်ငံတော် အတွက် ကြီးမြတ်သည့် အမျိုးသမီးကြီးများ ဖြစ်လာအောင် ကြိုးစား ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အတိတ်က အီရန် အမျိုးသမီးအများအပြားသည် ဖိနှိပ်မှု၊ ဆင်းရဲဒုက္ခနဲ့ ခွဲခြားဆက်ဆံမှုများ ကို ဆန့်ကျင်တော်လှန်ခဲ့သည့် အီရန် အစ္စလာမ်မစ် တော်လှန်ရေး ၏ အရေးကြီး အခန်းကဏ္ဍတွင် ပါဝင်သရုပ်ဆောင်နိုင် ခဲ့ကြောင်း ဒီနေ့ လူတွေဟာ သူတို့ရဲ့ ကြီးကျယ်တဲ့ လက်ရာတွေကို စာအုပ်တွေမှာ ဖတ်ကြရကြောင်း အီရန်အစ္စလာမ်မစ် တော်လှန်ရေးနှစ်များ အတွင်း ၎င်းတို့၏ ပြောင်မြောက်သော ကြိုးပမ်းမှုများ ကို သတိပြုရမည် ဖြစ်ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ မိန့် ကြားခဲ့ပါတယ်။
ဤအခမ်းအနားအပြီးတွင် ဆယ်ကျော်သက်သမီးငယ် အများအပြားသည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာ အီ နှင့် ရင်းနှီးစွာ စကားပြောဆိုခဲ့ ကြောင်း သိရှိ ရပါတယ်။
****************************************************************
END / 251