၂၁ ဖေဖော်ဝါရီ ၂၀၂၃ - ၁၈:၂၂
အီရန်နိုင်ငံ တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၇ ဦး သေဆုံး

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြန်ကြားရေး နှင့် ဆက်သွယ်ရေး စင်တာ မှ ကိုရိုနာ ရောဂါ နှင့် ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ ဖေဖော်ဝါရီ လ ၁၉ ရက်နေ့ အထိ ထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မနေ့ မှစ၍ ယနေ့ ဖေဖော်ဝါရီ လ ၁၉ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံ ရသူ အသစ် ၁၅၉ ဦး ဖြစ်ပြီး ၊ ၎င်းတို့ မှ ၈၀ ဦး မှာ ဆေးရုံတက် နေရပြီး ၊ စုစုပေါင်း ရော ဂါသည်မှာ ၇၅၆၆၅၉၅ ဦး ရှိသွား ပြီး ဖြစ်ပါတယ်။

 

ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄ နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်း အတာ အရ ၇ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်း အလ္လာဟ် ဟို အရှင် မြတ် ခံသွားသူဦးရေမှာ ၁၄၄၈၀၄  ဦး ဖြစ်ကြောင်း သိရှိရပါတယ်။

 

ကံကောင်းထောက်မစွာဖြင့် ယခုအချိန်အထိ ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များမှ ၇၃၃၈၇၃၄ ဦးပြန်လည်ကောင်းမွန် သွားပြီး (သို့မဟုတ်) ဆေးရုံ မှဆင်းသွားပြီး ဖြစ်ပါတယ်။

 

၂၆၇ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ဆေးရုံတက် ၍ အထူး ကြပ်မတ် စောင့်ရှောက် ကုသမှု ကိုခံယူလျက် ရှိနေပါတယ်။

 

လက်ရှိ အခြေအနေအထိ အီရန်တစ်နိုင်ငံလုံး တွင် ၅၅၁၉၅၅၇၀ ဦး အား ကိုရိုနာ ရောဂါ ရှိမရှိ စိစစ် သွား ပြီး ဖြစ် ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့ဆက်ဆံရေးဗဟိုဌာန၏ စာရင်းအရ ယခုအချိန်အထိ ကိုရိုနာ ကာကွယ်ဆေး ၊ ပထမအကြိမ်ဆေး ၆၅၁၉၉၂၂၉ ချောင်းထိုးပြီးကြောင်း ဒုတိယ အကြိမ်ဆေး ၅၈၅၉၃၀၂၄ ချောင်း ထိုးထား ကြောင်း တတိယအကြိမ် ဆေး ၃၁၆၂၉၅၆၁ ချောင်း ထိုး ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာ အရ ကာကွယ်ဆေး ထိုးထားသူမှာ ၁၅၅၄၂၁၈၁၄ ဦး ရှိပြီး ဖြစ် ကြောင်း ထုတ်ပြန်ထားပါတယ်။

အီရန် နိုင်ငံတွင် မြို့ပေါင်း ၀ မြို့ သည် အနီရောင် နှင့် မြို့ပေါင်း ၁ မြို့သည် လိမ္မော်ရောင် ဖြစ်ပါတယ်။   မြို့ပေါင်း ၉၀  မြို့တွင် အဝါရောင် ဖြစ်ပြီး ၃၅၇မြို့ သည် အပြာရောင် ဖြစ်ပါတယ်။

 

****************************************************************

 

END / 251