၁၈ ဇွန် ၂၀၂၃ - ၂၀:၁၅
အေမာမ် မိုဟမ္မဒ်သကီ (အ.စ) (ခ) အေမာမ် ဂျဝါဒ် (အ.စ)

အေမာမ် မိုဟမ္မဒ်သကီ (အ.စ) (ခ) အေမာမ် ဂျဝါဒ် (အ.စ) ရှဟာဒသ် အချိန် အခါ တွင် အေမာမ် (အ.စ) ၏ အကြောင်းအနည်းငယ် ကိုယ်တော် (အ.စ) ၏ ဟဒီးစ်တော် အချို့ ကို တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ အေမာမ် မိုဟမ္မဒ်သကီ (အ.စ) သည် ရှီအဟ်မွတ်စလင်မ်များ ၏ နဝမ‌မြောက် အေမာမ် ဖြစ်ပြီး ဟီဂျရီ ၁၉၅ခုနှစ် တွင် မဒီနာ ရွှေမြို့တော် တွင်ဖွားမြင်ခဲ့ပါတယ်။ခမည်းတော်၏အမည် မှာ အေမာမ် ရေဇာ (အ.စ) ဖြစ်ပြီး မယ်တော်၏ အမည်မှာ စဘီကဟ် (စ.အ) ဖြစ်ပါတယ်။ အချို့ ရီဝါယသ်တော်များ တွင် ခစ်စရာန် ဟု ဖော်ပြထားပါတယ်။ အွန်မိုလ်မိုအ်မေနီ (ကိုယ်တော်မြတ် (ဆွ) ကြင်ယာတော်) မာရီယဟ်  ကတ်ဘ်သွီးယဟ် ၏ မျိုးနွယ် မှ ဖြစ်ပါတယ်။

အေမာမ် (အ.စ) အရေးကြီးဆုံး ဘွဲ့တော် မှာ ဂျဝါဒ် ဖြစ်ပါတယ်။ သမိုင်းပညာရှင်များ သည် အေမာမ် ဂျဝါဒ် (အ.စ) မွေးနေ့ရက်မြတ် နှင့်ပတ်သက်ပြီး အမြင်များ ကွဲပြားကြပါတယ်။ ခုနှစ်တူနေပြီး ရက်နှင့် လ ကွဲပြားနေကြပါတယ်။  ရဂျဘ်လမြတ် ၁၀ ရက် ဟီဂျရီ ၁၉၅ ခုနှစ် ၊ ရမ်တွာန် လမြတ် ၁၅ ရက် ဟီဂျရီ ၁၉၅ ခုနှစ် ၊ ရမ်တွာန် လမြတ် ၁၉ ရက် ဟီဂျရီ ၁၉၅ ခုနှစ် ဆိုပြီး တင်ပြထားကြပါတယ်။

အေမာမ်ရေဇာ (အ.စ) မှ အေမာမ် ဂျဝါဒ် (အ.စ) နှင့်ပတ်သက်ပြီး “ ဤသားတော် ထက်ကြီးကျယ် မြင့်မြတ်သူ မင်္ဂလာ ရှိသူ သည် ငါ့ ၏ ရှီအဟ် များ အတွက် မမွေးဖွားသေးချေ။” ဟုမိန့်ဆိုထားပါတယ်။ အေမာမ် ဂျဝါဒ် (အ.စ) မွေးဖွားချိန် သည် ကိုယ်တော်မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အတွက် အခက်အခဲ ဆုံးကာ လ ဖြစ်ခဲ့ပါတယ်။ ဤ အချိန်ကာလသည် အဘာစီမင်းဆက် မာမွန် ကာလဖြစ် ပါတယ်။

အေမာမ် ဂျဝါဒ် (အ.စ) ကွန်နီယသ် မှာ အဘူ ဂျအ်ဖရ် စာနီ ဖြစ်ပြီး အေမာမ်မသ် တာဝန် ကို သက်တော် ၈ နှစ် အရွယ်တွင် စတင်ထမ်းဆောင်ခဲ့ပါတယ်။ အေမာမ်မသ်၏ သက်တမ်း မှာ ၁၇ နှစ် ဖြစ်ပါတယ်။ သက်တော် ၂၅နှစ်အရွယ် ရှဟီးဒ်  ဖြစ်ခဲ့ရပါတယ်။  ရှဟီးဒ် ဖြစ်ခဲ့သည့် အေမာမ် ၁၁ပါး တွင် သက်တော် အငယ်ဆုံး အေမာမ် ဖြစ်ပါတယ်။

အဘာစီ အစိုးရ အနေဖြင့် အေမာမ်  ဂျဝါဒ် (အ.စ) အား ဘဂ္ဂဒတ် မြို့ သို့ နှစ်ခါ ဆင့်ခေါ် ခဲ့ပါတယ်။ ပထမအကြိမ် မာမွန်ကာလ မှ ဖြစ်ပြီး ဒုတိယ အကြိမ် မိုအ်သစင်မ် ဖြစ်ပါတယ်။ ဒုတိယ အကြိမ် ဆင့်ခေါ်သည့် နှစ် ၏ ဇေလ်ကအ်ဒဟ်လ သို့မဟုတ် ဇေလ်ဟဂျ်ဂျဟ်လ တွင် ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။ သမိုင်းအရင်းအမြစ် အများစုကတော့ အေမာမ် (အ.စ) ရှဟာဒသ် ကို ဇေလ်ကအ်ဒဟ်လ နောက်ဆုံး ရက် ဟု ဖော်ပြထားပါတယ်။ အချို့ သမိုင်းအရင်းအမြစ်များကတော့ အေမာမ် ဂျဝါဒ် (အ.စ) ၏ ရှဟာဒသ် နေ့ကို ဇေလ်ဟဂျ်ဂျဟ်လ ၅ ရက် သို့မဟုတ် ၆ ရက် ဟု ပြဆိုထားပါတယ်။ အေမာမ် ဂျဝါဒ် (အ.စ) အား ကာဇမိုင်း တွင် မိမိ အဘိုး အေမာမ် မူစာ ကာဇင်းမ် (အ.စ) နှင့် အတူ ဒဖ်နာ ထားပါတယ်။ အေမာမ် ဂျဝါဒ် (အ.စ) ကို အဆိပ်ကျွေးသတ်သူများ ၊ပါဝင်သူများ ၊သဘောတူသူများ နှင့် ၎င်းတို့၏ နောက်လိုက်များ အပေါ်သို့ လအ်နသ် အမြောက်အများ ပို့ပါတယ်။

အေမာမ် ဂျဝါဒ် (အ.စ) အချို့ အဖိုးမဖြတ် နိုင်သည့် ဟဒီးစ်တော် အချို့  

အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

“ တမန်တော်မြတ် (ဆွ) သည် အမီးရိုလ်မိုအ်မေနီ အလီ (အ.စ) အား စကားလုံးပေါင်း တစ်ထောင် သင်ကြား ပေးခဲ့ပါသည်။ စကားလုံးတိုင်း မှ ပညာအခန်းပေါင်း တစ်ထောင် ဖွင့်ပါသည်။ “

Ref - صدوق، الخصال، ج2، ص650، ح46۔

အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

“အကြင်မည်သူမဆို မိမိနမာဇ် ၏ ရကူအ် ကို အပြည့်အဝ နှင့် မှန်အှန်ကန်ကန် ပြုလုပ်မည်ဆိုလျှင် ၎င်းသည် ကဗရ်၏ ဝဲဟ်ရှသ် နှင့် ရင်ဆိုင်ရမည်မဟုတ်ချေ။ “

Ref - کلینی، الكافى ج3، ص321، ح7۔

အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

“အပြင်ပိုင်း အရ အလ္လာဟ် ၏ အချစ်တော် ဖြစ်ပြီး အတွင်းပိုင်း တွင် အလ္လာဟ်၏ ရန်သူ မဖြစ်ပါစေနှင့် ။  “

Ref – اعلام الدین ص 309

အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

“ဂျဟေလ် အများစု ရှိသည်နေရာတွင် အိုလမာ သည် မတတ်နိုင်သူ နိုင်ငံခြားသားဖြစ်ရလေသည်။ “

Ref – کشف الغمة ج 2 ، ص 349

အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

“အကြင်မည်သူမဆို အလ္လာဟ် ဟို အရှင်မြတ် ၏ နေအ်မသ်တော်များ ကို ရှိုက်ရ် ပြုမည် ဆိုလျှင် ထို ရှိုက်ရ် စကားလုံး မဆုံးခင်အလျှင် နေအ်မသ်တော်များတွင် တိုးများခံစားခွင့်ရရှိသူ ဖြစ်သွားပါသည်။  “

Ref – مستدرک الوسائل حدیث 14173

****************************************************************

END / 251