၂၇ ဇွန် ၂၀၂၃ - ၁၉:၁၈
အာရာဖသ် ကွင်းပြင် ရှိ အီရန်နိုင်ငံသား ဟာဂျီများ ၏  အမှတ်တရ  မြင်ကွင်းများ

တနင်္လာနေ့ ညနေပိုင်းတွင် အာရာဖသ်ကွင်းပြင်သို့ မက္ကာဟ် မြို့မှ ထွက်ခွာလာသော အီရန်ဟာဂျီ များသည် မိမိ တို့၏ ရွက်ဖျင်တဲများတွင် တည်းခိုပြီးနောက် အလ္လာဟ့် အား ခဝပ် ကိုးကွယ် ဝတ်ပြုခြင်းများ ကို ပြုခဲ့ ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ  အီရန်ဟာဂျီ များသည် တနင်္လာနေ့ ညနေပိုင်းတွင် အာရာဖသ်ကွင်းပြင်သို့ မက္ကာဟ် မြို့မှ ထွက်ခွာ ခဲ့ကြပါတယ်။

ယခုနှစ် ဟဂ်ျအတွက် ဆော်ဒီအာရေဗျသို့ ဟဂျ်ပြုရန်  ၈၇,၅၄၁ ဦး ဝင်ရောက်ခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီး ၄၄,၀၀၀ ကျော်ရှိပါတယ်။  အာရာဖသ် ကွင်းပြင်သည် မက္ကာဟ် မြို့၏ အရှေ့ဘက် ၁၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော နယ်မြေဖြစ်ပါတယ်။  အာရဖသ် တွင် နေခြင်းသည် ဟဂျ် ကျင့်စဥ်များ မှ တစ်ခု ဖြစ်ပါတယ်။ဟာဂျီများ အနေဖြင့် ဇေလ်ဟဂျ်လ မြတ်၏ ၉ ရက်နေ့ အား အာရဖသ် ကွင်းပြင်တွင် ကုန်ဆုံးရတာ ဖြစ်ပါ တယ်။

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ၏ ရီဝါယသ်တော် တစ်ခု အရ အာရဖသ် ကွင်းပြင် တွင် နေခြင်း ဖြင့် အပြစ်များ ကို အလ္လာဟ် ဟို အရှင်မြတ် ခွင့်လွတ်ပေးတော်မူမည် ဖြစ်ပါတယ်။ အေမာမ် ဟိုစိုင်းန် (အ.စ) အာရဖသ် ကွင်းပြင်တွင် နမာဇ်ဇေအရ်ဖဟ် ကို ဆောက်တည် ခဲ့ပါတယ်။

ရဲဟ်မဟ်တောင်သည် အာရ်ဖသ် ကွင်းပြင် ၏ အရှေ့မြောက်ဘက်တွင် တည်ရှိသောကြောင့် ၎င်းကို အာရ်ဖသ်တောင် ဟုလည်း ခေါ်ဆိုပါတယ်။

အောက်ဖော်ပြပါပုံများသည် အရာန်းမေ သရှ်ရီးက် (ဇေလ်ဟဂျ်လမြတ် ၏ ၁၁ရက်၊ ၁၂ရက်၊ ၁၃ရက် ) ၏ ပထမညတွင် အာရာဖသ် ကွင်းပြင် တွင် အီရန် နိုင်ငံသား ဟာဂျီများ ၏ ပုံရိပ် အချို့ ဖြစ်ပါတယ်။

*** *********** *********** *********** ***********

END / 251