အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီး အမီးရ် အဗ်ဒွလ္လာဟ်ဟီရာန်း သည် ၎င်း၏ လူမှုမီဒီယာအကောင့်တွင် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န် စလ်မာန် နှင့် ယနေ့ (သြဂုတ်လ ၁၈ရက်နေ့) နံနက်ပိုင်းဂျဒ်ဒဟ် မြို့ တွင် တစ်နာရီခွဲကြာ တွေ့ဆုံခဲ့ကြောင်း ရေးသားခဲ့ပါတယ်။
တွေ့ဆုံစဉ်အတွင်း ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ပြတ်ပြတ်သားသား ပွင့်လင်းမြင်သာစွာ ဆွေးနွေးမှု ပြုလုပ်ခဲ့ ကြောင်း အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီး က ရေးသား ထားပါ တယ်။
အီရန်နှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံခေါင်းဆောင်များ၏ ဆန္ဒအရ နှစ်နိုင်ငံစလုံးသည် နယ်ပယ်စုံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ဆက်ဆံရေးကို လိုလားကြောင်း အီရန် ၏ နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့ ပါတယ်။
နှစ်နိုင်ငံစလုံးသည် ဒေသတွင်းနိုင်ငံအားလုံး၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တန်းတူညီမျှ အခွင့် အရေးရရှိရန် သဘောတူညီခဲ့ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါတယ်။
အခွင့်အလမ်းကို အခွင့်ကောင်းယူရန် နှစ်နိုင်ငံစလုံးအတွက် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး အီရန်နှင့် ဆော်ဒီအာရေးဗီးယားတို့သည် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဖြတ်သန်းမှု၊ ပညာရေးနှင့် နည်းပညာ၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာ ကဏ္ဍများတွင် ဆက်ဆံရေးကို ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်သည်ဟု ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာအဆင့်တွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ထောက်ပြပြီး ယနေ့ကျွန်ုပ်တို့ ရင်ဆိုင်နေရသည်မှာ သမိုင်းဝင်တာဝန်တစ်ရပ်ဖြစ်ကြောင်း အီရန်သည် နှစ်များအတွင်း ရရှိခဲ့သော တိုးတက်မှုများနှင့် ၎င်း တိုးတက်မှုများအပေါ် အခြေခံ၍ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မှုအတွက် စံပြဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
အစ္စလာမ်မစ် ကမ္ဘာတွင် အီရန်နှင့် ဆော်ဒီအာရေးဗီးယားတို့၏ အရေးပါမှုနှင့် ရပ်တည်ချက်ကို ထောက်ပြပြီး ပါလက်စတိုင်းသည် ယနေ့ အစ္စလာမ်ကမ္ဘာတွင် အရေးပါပြီး အဓိကကျသော အကြောင်းအရာတစ်ခုဖြစ်ကြောင်း ဇီယွန်ဝါဒီအစိုးရ (အစ္စရေး အစိုး)သည် ကျွန်ုပ်တို့အားလုံးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးက ဆက်လက် တင်ပြ ပြောကြားခဲ့ပါတယ်။
အမီးရ် အဗ်ဒွလ္လာဟ်ဟီရာန်းမှ ဆက်လက်ပြီး ဒေသတွင်း ရေရှည်တည်တံ့ပြီး အနှောင့်အယှက်ကင်းသော လုံခြုံရေး၏ အရေးပါမှုကို အလေး ပေးပြောကြားခဲ့ပါတယ်။
တွေ့ဆုံစဉ်တွင် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ္မဒ်ဘင်န်စလ်မာန် က မိမိ နှင့် ဆော်ဒီဘုရင် ၏စလာမ် အား ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ နှင့် သမ္မတ ဆယက်ဒ် ရအီစီ တို့ အား ပေးကြောင်း ပြောကြားပြီး အီရန်နှင့် ဆက်ဆံရေးကို အလေးအနက်ထား၍ မဟာဗျူဟာမြောက် အရေးပါသည်ဟု ပြောကြားခဲ့ပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသား မှ အီရန်သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ အား ဆော်ဒီအာရေဗျသို့ လာရောက်ရန် ဖိတ်ကြားခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များကြား တွေ့ဆုံမှုသည် အလွန် အရေးကြီးပြီး နှစ်နိုင်ငံနှင့် ဒေသတွင်းအတွက် ကျယ်ပြန့်သော ကောင်းကျိုးသက်ရောက်မှုများ ရှိလာမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
တွေ့ဆုံစဉ် ခေါင်းဆောင်နှစ်ဦးသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။
****************************************************************
END / 251