“ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ၏ အရ်ဗအီးန် ဆိုင်ရာ ဓာတ်ပုံများ စာအုပ်” မိတ်ဆက်ပွဲ နှင့် အရ်ဗအီးန် ဆိုင်ရာ ဓာတ်ပုံများ ပြပွဲ ကို အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ တည်ရှိသည့် ကွမ်းမြို့ ရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ရုံး တွင် ပြုလုပ်ခဲ့ပါတယ်။
မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရမ်တွာန်နီ ၊ အပြည်ပြည်ဆိုင်ရာ ရောင်ဇာတော်များ များဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ဌာနချုပ် ၏ဒုတိယဥက္ကဌ H.I ဟိုစိုင်းန် အဲဟ်မဒ် ဒီ ကွမ်းမီ ၊ နိုင်ငံ၏ ထုံးတမ်းကဗျာရေးရာ အတွင်းရေးမှူး ဆရာ မိုဟမ္မဒ်အလီ မိုဂျဟစ်ဒီ ၊ ကွမ်းမြို့ ရှိ ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ကိုယ်စားလှယ်ရုံး ညွှန်ကြားရေးမှူး ဟမီးဒ် မကာရေမ် ၊ နစီးမ် ကွန်ရက် ဒါရိုက်တာ မိုဟမ္မဒ် ရေဇာ ခူရှ်ရူ ၊ မအာရေဖ် ရေဒီ ယို ၏ ဒါရိုက်တာ ဒေါက်တာ ကာဝေယာနီ စသည်ဖြင့် သာသာရေး နှင့် စာပေ ဆိုင်ရာ မီဒီယာ ဆိုငိရာ အကျော် အမော် တာဝန် ရှိ လူကြီးမင်း များ တက်ရောက် ခဲ့ကြပါတယ်။
ဤအခမ်းအနား၏ဘေးတွင် အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ ၏လှုပ်ရှားမှုများ ကိုကမ္ဘာ့ဘာသာ စကားအမျိုးမျိုးဖြင့် အရ်ဗအီးန် အဖြစ်အပျက်များ ကိုဖော်ပြသည့်ပြပွဲကို ကိုလည်း ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများ ကို ပြသခဲ့ပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ ယခုနှစ် တွင် အရ်ဗအီးန် လမ်းလျှောက် ခရီးစဥ် တွင် သတင်းတဲ ထိုးပြီး အရ်ဗအီးန် ဆိုင်ရာ ကမွာ နိုင်ငံ အသီးသီး ၏ ပုံရိပ်များ သတင်းများ ဗီဒီယို မှတ်တမ်း များ ကို ပြုလုပ်ပြီး ခေသ်မါသ် (ဝန်ဆောင်မှုများ) ပြုပေးခဲ့ပါတယ်။ “ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ၏ အရ်ဗအီးန် ဆိုင်ရာ ဓာတ်ပုံများ စာအုပ်” တွင် ဤ အကြောင်း အရာများ ကို ပြသ ထားပါတယ်။
****************************************************************
END / 251