၂၅ စက်တင်ဘာ ၂၀၂၃ - ၁၇:၃၁
ဒု-ဗိုလ်ချုပ်ကြီး ၂ ဦးကို စစ်ကောင်စီက ထုတ်ပယ်

စစ်ဆေးခံနေရတယ်လို့ သတင်းထွက်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့ ဖယ်ရှားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်ဆေးခံနေရတယ်လို့ သတင်းထွက်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့ ဖယ်ရှားလိုက်ပါတယ်။

သူ့ရဲ့ဖွဲ့စည်းပုံကို မကြာခဏပြောင်းလဲလေ့ရှိတဲ့ စစ်ကောင်စီဟာ မကြာသေးခင် ဩဂုတ်လဆန်းကမှ သူ့အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းထားခဲ့ပါသေးတယ်။

အခုတော့ မသမာမှုတွေနဲ့ စစ်ဆေးခံနေရတယ်ဆိုတဲ့ အဖွဲ့ဝင်တွေကို ဖယ်ရှားပြီး ပြင်ဆင်လိုက်တာဖြစ်ပေမဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်ဘက် မူလတာဝန်တွေ ထမ်းဆောင်ခိုင်းတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လူအရေအတွက်ကတော့ အရင်လိုပဲ ၁၈ ယောက်ဖြစ်ပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ကို အစားထိုးထည့်သွင်းလိုက်တာပါ။

ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူးဖြစ်ပြီး ဥရောကသမဂ္ဂ အီးယူရဲ့ ပိတ်ဆို့ ဒဏ်ခတ်ခံထားရသူဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောဟာ စစ်ခေါင်းဆောင်ရဲ့ အကြံပေးဖြစ်သလို နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပါဝင်လာသူဖြစ်ပါတယ်။

အခုပြင်ဆင်တာမှာ အဲဒီအဖွဲ့ဝင် ၂ ယောက်ပဲ ပြောင်းလဲတာဖြစ်လို့ ဖွဲ့စည်းပုံမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌ၊ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒု-ဥက္ကဋ္ဌဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒု ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ဖြစ်ပါတယ်။

အဖွဲ့ဝင်တွေအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒု ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒု ဗိုလ်ချုပ်ကြီးညိုစော၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနဲ့ ဦးရန်ကျော်တို့ ပါဝင်ပါတယ်။

****************************************************************
END / 251