၂၉ စက်တင်ဘာ ၂၀၂၃ - ၁၇:၂၃
ပါကစ္စတန် နိုင်ငံ တွင် အိုမရဟ်  အကြောင်းပြချက် ဖြင့် ဆော်ဒီ သို့  သွားရောက်၍  သူတောင်းစာ လုပ်ကြမည့် အဖွဲ့အား ဖမ်းမိ

ပါကစ္စတန် နိုင်ငံ တွင် အိုမရဟ် အကြောင်းပြချက် ဖြင့် ဆော်ဒီ သို့ သွားရောက်၍ သူတောင်းစာ လုပ်ကြမည့် ‌အမျိုးသမီး နှင့် ကလေးများ ပါဝင် သည့် သူတောင်းစားအုပ်စုကို မထွက်ခွာမီ အရင် ဖမ်းဆီးလိုက် ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ Express News သတင်းအထောက်အထားများ အရ ပါကစ္စတန် နိုင်ငံ တွင် အိုမရဟ်  အကြောင်းပြချက် ဖြင့် ဆော်ဒီအာရေဗျသို့ သွားရန်ကြိုးစားနေ သည့် သူတောင်းစားအဖွဲ့ ကို FIA လူဝင်မှုကြီးကြပ်ရေးက ဆော်ဒီ သို့ မထွက်ခွာ မည် ဖမ်းဆီး  လိုက်ကြောင်း သိရှိရပါတယ်။

FIA  ဒါရိုက်တာ ခါလစ်ဒ် အနီးစ် ၏ အဆိုအရ ကလေးတွေဟာ သူတောင်းစားအုပ်စုထဲမှာ ပါဝင်နေကြောင်း ဖြစ်ပါတယ်။

FIA လူဝင်မှုကြီးကြပ်ရေးဌာနသည် နိုရိုအမည်ရှိ အေးဂျင့်တစ်ဦးသည် ၎င်းတို့အား ဆော်ဒီအာရေဗျသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့အား တောင်းရမ်းစေ ကြောင်း ကို တွေ့ရှိခဲ့ရပါတယ်။  ဖမ်းဆီးခံရသူများတွင် အမျိုးသမီး ၈ ဦး၊ အမျိုးသား ၄ ဦးနှင့် ကလေး ၄ ဦးတို့ ပါဝင်ကြောင်း သိရှိ ရပါတယ်။

ဤအဖွဲ့ အား ပါကစ္စတန် နိုင်ငံ မူလ်တန် လေဆိပ်တွင် FIA လူဝင်မှုကြီးကြပ်ရေးက အရေးယူခဲ့ ပြီးနောက် ဖမ်းဆီးခံရသူများကို ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါတယ်။

****************************************************************

END / 251