အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန် နိုင်ငံ ၏ မြို့ အသီးသီး တွင် ပါလက်စတိုင်းပြည်သူများနှင့် စအတူရှိကြောင်း ကို ဖော်ပြရန်အတွက် သောကြာနေ့ သောနမာဇ် ဝတ်ပြုမှု များအပြီးတွင် နိုင်ငံရေးနှင့် ဘာသာရေး ပါတီများ အများအပြား ပါဝင်ပြီး ဆန္ဒ ပြပွဲကြီး များ ကို ပြုလုပ်ခဲ့ကြပါတယ်။
မဂျ်လစ်စေ ဝဲဟ်ဒသ် သေ မွတ်စလေမီးန် အဖွဲ့ နှင့် ဂျမာအသ်သေ အစ္စလာမ်မီ အဖွဲ့ အပါအဝင် ပါကစ္စတန် ၏ နိုင်ငံရေးနှင့် ဘာသာရေးပါတီအသီးသီးသည် သောကြာနမာဇ် ဝတ်ပြု ပြီးနောက် ကရာချီ ၊ လာဟိုရ် ၊ ရာဝလ်ပန်ဒီ ၊ ခိုင်ဘဲရ် ပက်သွန်ခွာန် မာလာကန်ဒ် ၊ဟဇာရာဟ် ၊ ပေရှာဝဲရ် နှင့် အြခား မြို့ များ တွင် ပါလက် စတိုင်း ပြည်သူများ နှင့် အတူရှိ ကြောင်း အမေရိကန် ကျဆုံးပါစေ ၊ အစ္စရေး ကျဆုံး ပါစေဆိုသည့် ညာသံများ ဖြင့် ဆန္ဒပြပွဲများ ကို ပြုလုပ်ခဲ့ကြ ပါတယ်။
ထိုပြင် ကူဟစ်စသန် ၊ ရှာန်ဂလဟ် ၊ ဘတ်ဒ်ဂရာမ် နှင့် စဝါသ် တို့တွင် ပါလက်စတိုင်း ပြည်သူများ နှင့် အတူရှိ ကြောင်း ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ ကူဟစ်စသန် တွင် အဝေးပြေးလမ်းကို ပိတ်ဆို့ထားခဲ့ကြပါတယ််။
ဆန္ဒပြပွဲကြီးများ တွင် ပါကစ္စတန် လေထုသည် အလ္လာဟ် ဟိုအက်ဘဲရ် ၊ အမေရိကန် ကျဆုံးပါစေ ၊ အစ္စရေး ကျဆုံး ပါစေဆိုသည့် ကြွေးကြော်သံများဖြင့် ပဲ့တင် လျက်ရှိခဲ့ပါတယ်။
ဆန္ဒပြပွဲများကို မိန့်ခွန်းပြောကြားရာတွင် အစ္စရေးသည် အာဏာရှင်ဖြစ်ပြီး အမေရိကန်သည် ၎င်းအား ထောက်ခံသူဖြစ်ကြောင်း ဟောပြောသူများက ပြောကြားခဲ့ကြပါတယ်။ ပြီးနောက် ကျွန်ုပ်တို့သည် ပါလက်စတိုင်းများ နှင့် အတူရှိနေပြီး အဖိနှိပ်ခံ ပါလက်စတိုင်းလူမျိုးများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပါလက်စတိုင်းမြေကို အစ္စရေး ဇီယွန်ဝါဒီများ သိမ်းပိုက်မှုကို ဆန့်ကျင်သည့် အနေဖြင့် ဆက်လက် ဆန္ဒပြသွားပါမည် ဖြစ်ကြောင်း မိန့်ခွန်းများ ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251