Maher News Agency ၏ သတင်း အထောက်များ အရ စစ်သွေးကြွ နယ်ချဲ့ အစ္စရေး တိုက်လေယာဉ် များမှ ဂါဇာကမ်းမြောင်ဒေသတွင် လူမဆန်စွာ ဗုံးကြဲ တိုက်ခိုက်မှု များပြုခဲ့ပါတယ်။ မကြာသေးမီက ဇီယွန်ဝါဒီ တပ်ဖွဲ့များ က ဆေးရုံကို တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၈၀၀ ကျော် ရှဟီးဒ် ဖြစ် သေဆုံးခဲ့ ရပါ တယ်။
ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အစ္စရေးလေယာဉ်များသည် ဂါဇာအလယ်ပိုင်းရှိ ဆေးရုံတစ်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ လူပေါင်း ၆၀၀ ကျော် ဒဏ်ရာရခဲ့ပြီး လူအများအပြား၏ အခြေအနေမှာ စိုးရိမ်ရကြောင်းနှင့် သေဆုံးသူဦးရေ တိုးလာဖွယ်ရှိကြောင်း ပါလက်စတိုင်း ကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဘိုက်သိုလ်မိုကတ်ဒ်ဒက်စ် ကို မတရား ကျူးကျော် သိမ်းပိုက်ထားသည့် စစ်သွေးကြွ နယ်ချဲ့ အစ္စရေး တိုက်လေယာဉ် များမှ ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူရာနဲ့ချီပြီး အပျက်အစီးတွေအောက်မှာ နစ်မြုပ်နေရဆဲဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါတိုက်ခိုက်မှုကြောင့် လူထောင်ပေါင်း များစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ရာနှင့်ချီသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အသက်ဆုံး ရှုံးခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသသို့ ဆေးဘက်ဆိုင်ရာအကူအညီများအတွက် ဘေးကင်းလုံခြုံသော လမ်းကြောင်းတစ်ခု ချက်ချင်းဖွင့်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်ုပ်တို့ တောင်းဆိုထားကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြှောင်ရှိ အလ်ရှဖာ ဆေးခန်း၏ လျှပ်စစ်မီးကိုလည်း လုံးဝဖြတ်တောက်ထားကြောင်း ၎င်းက ပြောကြား ခဲ့ပါတယ်။
စစ်သွေးကြွ အစ္စရေးသည် ပါလက်စတိုင်းများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇ၀တ်မှုများ ဆက်လက် ကျူးလွန်နေကြောင်း အထူးသဖြင့် အစ္စရေး ထောက်ခံနေသူများ သတိပြုသင့်ပါတယ်။
စစ်သွေးကြွ အစ္စရေးသည် ဆေးရုံများနှင့် ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက် ခြင်းသည် ယောက်ကျား မပီသ ကြောင်း ၊ စစ်ဥပဒေကိုမလိုက်နာ ကြောင်း ထိုပြင် အကြမ်းဖက်သမား များ ဖြစ်ကြောင်းကို သက်သေ ထူနေပါ တယ်။ ဤအတွက်ကြောင့်
စစ်သွေးကြွ အစ္စရေး = အိုက်အက်စ် အိုက်အက်စ် ဆိုလျှင် မှားမည်မဟုတ်ချေ။
****************************************************************
END / 251