၂၀ အောက်တိုဘာ ၂၀၂၃ - ၁၈:၄၀
 နမ့်လန်တွင် ပြောင်းအိတ်တင်ကား တိမ်းမှောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်မြို့၊ နမ့်လန်-ကျောက်ဂူ လမ်းမကြီးပေါ်မှာ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်းက ပြောင်းအိတ်တင်ကား တိမ်းမှောက်ပြီး တောင်သူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နမ့်လန်ပရဟိတအသင်းက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်မြို့၊ နမ့်လန်-ကျောက်ဂူ လမ်းမကြီးပေါ်မှာ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်းက ပြောင်းအိတ်တင်ကား တိမ်းမှောက်ပြီး တောင်သူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နမ့်လန်ပရဟိတအသင်းက ပြောပါတယ်။

မိုင်းကိုင်ဘက်ကနေ မောင်းနှင်လာတဲ့ ပြောင်းတင်ကားဟာ နမ့်လန်မြို့အဝင်အနီး ကုန်းအဆင်းမှာ နေ့လယ် ၁၂ နာရီ ၁၇ မိနစ်လောက်က ‌ဘရိတ်‌ပေါက် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကားဟာ လေးလုံးထိုးအင်ဂျင် တပ်ဆင်ထားတဲ့ ထော်လာဂျီဖြစ်ပြီး ထိခိုက်မိသူတွေဟာ ရှမ်းတောင်ဒေသကနေ နမ့်လန်မြို့ကို ပြောင်းဖူးတွေ လာရောင်းချတဲ့ တောင်သူတွေ ဖြစ်ပါတယ်။

နမ့်လန်ပရဟိတအသင်းဝင်တဦးက “အဲ့နေရာက ကားခဏခဏ မှောက်တယ်။ မြို့အဝင်မှာ ကားက ဘရိတ်ပေါက်ပြီး သုံးလေးပတ်လောက် လိမ့်သွားတာ။ ရှမ်းတောင်ဘက်ကနေ မြောက်ဘက်ကို ပြောင်းလာရောင်းတာ။ လူနာက အားလုံး ၅ ယောက်။ သူတို့က ကုံးသာရွာကလာတာ” လို့ ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုကနေ အသက် ၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးနဲ့ ယာဉ်မောင်း အသက် ၂၄ နှစ်ဖြစ်သူ အမျိုးသား ၁ ဦးတို့မှာ ဦးခေါင်းကွဲ၊ ခြေထောက်ပြတ်ရှ၊ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ထိခိုက်ခဲ့သူတွေကို နမ့်လန်ကယ်ဆယ်ရေးအသင်းယာဥ်‌တွေနဲ့ နမ့်လန်ဆေးရုံကြီးကို အရေးပေါ် ကူညီပို့ဆောင်ပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကလည်း နမ့်လန်-သီပေါ ကားလမ်းမမှာ မှန်လုံကားတစီး ချောက်ထဲ ပြုတ်ကျခဲ့ရာက ကားပေါ်ပါ လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

****************************************************************
END / 251