အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိုင်းန် အမီးရ် အဗ်ဒိုလ္လာဟ်ဟီးရာန်း သည် ၎င်း၏ ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိက်ခ် မိုဟမ္မဒ် ဘင်န် အဗ်ဒိုရ်ရဲဟ်မန် အက်စ်စာနီ နှင့် ဖုန်းပြောဆိုခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ ကာတာကော်မတီဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက် သည့်ကိစ္စအား ဆွေးနွေးခဲ့ကြပါတယ်။
ခေါင်းဆောင်နှစ်ဦးသည် ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဆိုးရွားလှသော လူသားချင်းစာနာထောက်ထားမှု အခြေ အနေများအတွက် စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး ဂါဇာတွင် စစ်ရာဇ၀တ်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ပါလက်စတိုင်းမှ ရွှေ့ပြောင်းဒုက္ခသည်များကို ချက်ချင်းအကူအညီပေးရန် လိုအပ်ကြောင်း အလေး ပေးပြော ကြားခဲ့ကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသတွင် ဇီယွန်ဝါဒီများ၏ ရန်လိုမှုကို ရပ်တန့်ရန် သံတမန်ရေးရာ ကြိုးပမ်းမှုများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
စစ်သွေးကြွ အစ္စရေးသည် အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဂါဇာတွင် ပါလက်စတိုင်းများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု စတင်ခဲ့ကြောင်း သိထားရပါမည်။ ယခုအချိန်အထိ အမျိုးသမီးများနှင့် အပြစ်မဲ့ကလေးငယ်များ အပါအဝင် အပြစ်မဲ့အရပ်သား ၁၁၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း သိရှိရပါ တယ်။
****************************************************************
END / 251