အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှီအဟ် အေမာမ် မီယဟ်
များ နှင့် လေ့လာသူများ သိရှိထားသည့် အတိုင်း မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ချစ်သမီးတော် ဟဇရသ် ဖွာတွေမဟ် (အ.စ) သခင်မကြီး ရှဟီးဒ်
ဖြစ်သည့်နေ့ နှင့်ပတ်သက်၍ ကျော်ကြားသည့် အဆို နှစ်ခု လာရှိပါတယ်။ ပထမအဆိုမှာ
ဂျမာဒီယိုလ် အောင်ဝဲလ် ၁၃ ရက်နေ့ ဖြစ်ပြီး ဒုတိယ အဆို မှာ
ဂျမာဒီယိုစ်စာနီ ၃ရက်နေ့ ဖြစ်ပါတယ်။ဘာကြောင့် ဤကဲ့သို့ အဆို နှစ်ခု လာရှိသည်
ကို လေ့လာကြည့် သည့်အခါ အစ္စလာမ် ဘာသာ၏ အစဦး
အချိန်အါ တွင် သခင်မကြီး ၏ရှဟာဒသ် နေ့ ကို
အာရဘီ ဘာသာ စကားဖြင့် (( عاشت بعد ابیها خمسة و سبعین / تسعین )) ဆိုသည့် စာသား အား နွတ်က်သွဟ်
(အစက်) များ မပါဘဲမှတ်တမ်းတင်သူများ က ရေးသားခဲ့ကြပါတယ်။ နွတ်က်သွဟ် မပါသည့် ဤစာသား
အား ပူးတွဲပါ ဓာတ်ပုံ တွင် ကြည့် နိုင်ပါတယ်။
ဤအာရဘီ စာသားအား နှစ်မျိုးနှစ်စား ဖတ်လို့ရပါတယ်။
အကယ်၍ ((خمسة و سبعین )) လို့ဖတ်မည် ဆိုလျှင် ၇၅ ရက် ဖြစ်ပြီး သခင်မကြီးသည် မိမိ ၏ ဖခမည်း တော် မရှိသည့်နောက်ပိုင်း ၇၅ ရက် ဘဝတည်ဆောင်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဂျမာဒီယိုလ် အောင်ဝဲလ် ၁၃ ရက်နေ့ ဖြစ်ပါတယ်ဟု အဓိပွပာယ် ရမည် ဖြစ်ပါတယ်။
အကယ်၍ ((خمسة و / تسعین )) လို့ဖတ်မည် ဆိုလျှင် ၉၅ ရက် ဖြစ်ပြီး သခင်မကြီးသည် မိမိ ၏ ဖခမည်း တော် မရှိသည့်နောက်ပိုင်း ၉၅ ရက် ဘဝတည်ဆောင်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဂျမာဒီယိုစ်စာနီ ၃ရက်နေ့ ဖြစ်ပါတယ်ဟု အဓိပွပာယ် ရမည် ဖြစ်ပါတယ်။
ဤအတွက်ကြောင့် သခင်မကြီး (စ.အ) ၏ ရှဟာဒသ်နေ့ ဟာ နှစ် ခု ဖြစ်သွားရခြင်း ဖြစ်ပါတယ်။ အာလင်မ်များ အနေဖြင့် ဒုတိယ အဆို ဂျမာဒီယိုစ်စာနီ ၃ရက်နေ့ ကို ပို၍ အလေးပေးထားတာ ကိုတွေ့ရပါတယ်။ အဲဒီနေ့ ကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ (ရှီအဟ်နိုင်ငံ ) တွင် ရုံးပိတ်ရက် ဖြစ်ပါတယ်။
****************************************************************
END / 251