အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒယာလာ ပြည်နယ်ရှိ အလ်အမရာနီ ရွာတွင် အကြမ်းဖက် စစ်ဆင် တိုက်လိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့ပြီးအီရတ်အရပ်သား ၁၀ အာဇာနည် အဖြစ် သေဆုံး ၁၅ ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။
အစပိုင်းမှာတော့ အကြမ်းဖက်သမားတွေက အရပ်သားကားတစ်စီးကို ဖောက်ခွဲရေးပစ္စည်းတွေ ထောင်ချောက် နှစ်ခုသုံးပြီး ပစ်မှတ်ထားပြီး အီရတ်နိုင်ငံသားတွေကို စနိုက်ပါလက်နက်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေး ပေမယ့်သက်ဖီးရီ အဖွဲ့က ISIS (အိုင်အက်စ် အိုင်အက်စ်) ဟာ များသောအားဖြင့် အီရတ် စစ်တပ်နဲ့ အရပ်သားတွေကို ဒယာလာ ပြည်နယ်မှာ အကြမ်းဖက် စစ်ဆင်ရေး နောက်ကွယ်မှာ လုပ်ဆောင်လေ့ရှိ ကြောင်း သိရှိ ရပါတယ်။
အီရတ်နိုင်ငံ အရှေ့ဘက်ရှိ ဒယာလာ ပြည်နယ်၏ နယ်မြေအားလုံးသည် အီရန်နှင့် အီရတ်ကြား ဘုံနယ်နိမိတ်ချင်း ထိစပ်နေသော နယ်မြေအားလုံးကို စစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း ISIS (အိုင်အက်စ် အိုင်အက်စ်) အကြမ်းဖက်သမားများက ယင်းအကြမ်းဖက်မှုတွင် ရံဖန်ရံခါ ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါတယ်။
****************************************************************
END / 251