အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ သတင်းအထောက်အထားများ အရ ပါလက်စတိုင်းအစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု ဟားမတ်စ်အဖွဲ့ ၏ အလ်ကစာမ် တပ်မဟာ က အရှေ့ပိုင်းဒေသ ၏ ဟဂျ်ရေရတ်က်ဒီးက် မှာ သိဒါဇင်နဲ့ချီသည့် နယ်ချဲ့ အကြမ်းဖက် စစ်သွေးကြွ ဇီယွန် စစ်သားများ၏ နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီနောက် မူဂျာဟီဒင်တွေက အဲဒီနေရာတဝိုက်မှာ မြေမြုပ်မိုင်း ၃ ခု ချထားကြောင်း ကြေညာခဲ့ကြောင်း သိရှိ ရပါတယ်။
ပါလက်စတိုင်း မိုဂျာဟစ်ဒ်ဒီးန် များသည် ရန်သူ့စစ်သားအများအပြားကို သတ်ဖြတ်ပြီးနောက် မိမိ တို့၏ နေရာများသို့ ပြန် သွား ကြောင်း သိရှိရပါတယ်။
ဂါဇာမြောက်ပိုင်းရှိ အလ်ဆဖ်သွာဝီ နှင့် ဘိုက်သ်ာနွန် နယ်မြေများတွင် ဟာမတ်းစ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဇီယွန်ဝါဒီစစ်တပ်တို့အကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း မီဒီယာများက ပြောကြားခဲ့ပြီး ဟာမတ်းစ် တော်လှန်ရေးတပ်ဖွဲ့များ မှာ မိမိ တို့၏ ရန်သူ အစ္စရေး တပ် ၏တိုးတက်မှုကို ရပ်တန့်စေခဲ့ကြောင်း သိရှိရပါတယ်။
ဂါဇာမြို့လယ်ရှိ အလ်နဆ်ရ် အဝေးပြေးလမ်းနှင့် ရေဇ်ဝန် ဂူဗိမာန်အနီးတွင်လည်း ပြင်းထန်သော ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း သိရှိရပါတယ်။
****************************************************************
END / 251