အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပို့ကုန်တင်ပို့မူကရရှိတဲ့ ပို့ကုန်ရငွေကို အရင် ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းသာ မြန်မာကျပ်ငွေ လဲလှယ်ဆောင်ရွက်ရမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ပြင်ဆင်ဖြေလျှော့လိုက်ပါတယ်။
ဒါကြောင့် ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းအထိကို စျေးကွက် ပေါက်စျေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အဲဒီပို့ကုန်ရငွေ အသုံးပြုခွင့် သတ်မှတ်ချက်က ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး အကျုံးဝင်မယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အရင်က ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ဗဟိုဘဏ်သတ်မှတ်စျေး ၂၁၀၀ ကျပ်နဲ့ ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းထိကို မဖြစ်မနေ လဲလှယ်ရပြီး ကျန် ၅၀ ရာခိုင်နှုန်းကိုလည်း ဗဟိုဘဏ် online trading နှုန်း ၂၉၂၀ ကျပ်နဲ့ လဲလှယ်ပေးနေရတာ ဖြစ်ပါတယ်။
အဲဒီသတ်မှတ်ချက်အရ ဗဟိုဘဏ် သတ်မှတ်နှုန်းထားတွေနဲ့ စျေးကွက်ပေါက်စျေးကွာဟချက် များတာကြောင့် exporterတွေ နစ်နာမှုရှိခဲ့ပြီး ပို့ကုန်တင်ပို့မှုလည်း လျော့နည်းလာပါတယ်။
ဒါပေမဲ့ စစ်ကောင်စီ ဗဟိုဘဏ်က online trading ငွေလဲနှုန်းကို အရင် ၂၉၂၀ နှုန်းထား သတ်မှတ်ပေးပြီး ထိန်းချုပ်ထားရာကနေ ဒီဇင်ဘာ ၅ ရက်ကစပြီး စျေးကွက် ပေါက်စျေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုလိုက်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အမေရိကန်တဒေါ်လာ ငွေလဲနှုန်းက မြန်မာငွေကျပ် ၂၁ဝဝ ဖြစ်ပြီး ဗဟိုဘဏ်ပြင်ပစျေးကွက် ပေါက်စျေးကတော့ ၃၅၅၀ ကျပ် ရှိနေပါတယ်။
****************************************************************
END / 251