၇ ဒီဇင်ဘာ ၂၀၂၃ - ၁၂:၁၂
အစ္စရေးရန်ကြောင့် ဆေး၀ါးပစ္စည်းများ နေရာရွေ့ လိုက်ရတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ ဂါဇာမှာရှိတဲ့ သူတို့ရဲ့ ဆေး၀ါးပစ္စည်းဂိုထောင်ကို အစ္စရေးရန်ကြောင့် တစ်ခြားနေရာကို ရွေ့ လိုက်ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဟာ ဂါဇာမှာရှိတဲ့ သူတို့ရဲ့ ဆေး၀ါးပစ္စည်းဂိုထောင်ကို အစ္စရေးရန်ကြောင့် တစ်ခြားနေရာကို ရွေ့ လိုက်ရပါတယ်။

ခန်ယူနစ်မြို့မှာရှိတဲ့ အဲဒီဆေး၀ါးဂိုထောင်ကို မရွေ့ရင် ဖျက်ဆီးပစ်မယ်လို့ အစ္စရေးစစ်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ခြိမ်းခြောက် အကြပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုထောင်ဟာ ဂါဇာတောင်ပိုင်းက ဆေးရုံတွေကို ဆေး၀ါးပစ္စည်း ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

ခန်ယူနစ်ထက်ပိုသေးတဲ့ ရာဖာမြို့ရွေ့ ခဲ့တာဖြစ်ပြီး အစ္စရေးရန်ကြောင့် အလျင်အမြန်လုပ်ဆောင်ခဲ့ရတဲ့အတွက် ဒုက္ခရောက်ခဲ့တယ်လို့ WHO က ထုတ်ပြန်ပါတယ်။

ဒီလို ရွေ့ ပြောင်းမှုကြောင့် နယ်စည်းမခြား ဆရာ၀န်များအဖွဲ့နဲ့ ကုလရဲ့ ဆေးခန်းတွေကို ဆေး၀ါးပစ္စည်း အချိန်မီ မပို့ပေးနိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

“ဒီလိုရွေ့ ပြောင်းရမှုကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ခဲ့ပြီး တိုက်ခိုက်မှုတွေဖြစ်ပွားကာ၊ ၀န်ထမ်းမလုံမလောက် ဖြစ်နေတဲ့အချိန် ဂါဇာက ဆေးရုံတွေထံ ဆေးဝါးပစ္စည်းတွေ ပေးအပ်နိုင်ရေး စိန်ခေါ်မှုတွေ ဆက်ရှိနေပါတယ်” လို့ WHO အကြီးအကဲ တက်ဒ်ရို့စ် အဒါနွမ်က ပြောကြားခဲ့ပါတယ်။

****************************************************************
END / 251