၂၂ ဒီဇင်ဘာ ၂၀၂၃ - ၂၀:၂၈
 မန္တလေးနန်းတွင်းထဲ ရှော့တိုက်ဒုံးပစ်ခံရပြီးနောက် စစ်တပ်က တအိမ်တက်ဆင်း စစ်ဆေး

မန္တလေးနန်းတွင်းထဲရှိ စစ်ကောင်စီ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က မသင်္ကာတဲ့ နေအိမ်တွေကို တအိမ်တက်ဆင်း လိုက်လံစစ်ဆေးနေတယ်လို့ Brave warriors for Myanmar က သိရ​ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန္တလေးနန်းတွင်းထဲရှိ စစ်ကောင်စီ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က မသင်္ကာတဲ့ နေအိမ်တွေကို တအိမ်တက်ဆင်း လိုက်လံစစ်ဆေးနေတယ်လို့ Brave warriors for Myanmar က သိရ​ပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မနက် ၂ နာရီဝန်းကျင်က စစ်ကောင်စီ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ၆ လုံး ပစ်ခတ်တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ဒီနောက် မန္တလေးရှိ ဟင်းရွက်စု၊ သံဘို၊ ညောင်ပင်သာ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ဆေးနေတာလို့ BWM အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ရွာဘက်ကို ချောင်းကူးရတယ်၊ အနောက်ဘက်ကျွန်း ဟင်းရွက်စု၊ သံဘို၊ ညောင်ပင်သာရွာတွေကို ကူးတဲ့မော်တော်နဲ့ အခေါက်ပေါင်းများစွာကူးပြီး အင်အား ၂၀၀ ကျော်နဲ့ တရွာဝင် တရွာထွက်၊ တအိမ်ဆင်း တအိမ်တက် လိုက်စစ်နေတယ်။ ကျောင်းသားလေးတွေကအစ ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရတယ်။”

ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် လပခတိုင်းမှူးနဲ့ ဒုတိုင်းမှူးနေထိုင်ရာ အဆောင်၊ အမျိုးသမီးစစ်သည်တွေ နေထိုင်ရာ အဆောင်တွေမှာ ပေါက်ကွဲခဲ့တယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။

BWM အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက “နန်းတွင်းထဲ အကောင်ကြီးတယောက် သေတယ်လို့ ထပ်သိရပါတယ်။ အရာရှိတွေ ခုမနက် နန်းတွင်းထဲကို ပြောင်းနေကြတယ်လို့ ထပ်သိရပါတယ်။ အရာရှိအမည် စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။

Brave Warriors For Mandalay အဖွဲ့ဟာ ရှော့ဒုံးမစ်ရှင်လုပ်နေတဲ့ အဖွဲ့ဖြစ်ပြီး နိုင်ငံအနှံ့က စစ်ကောင်စီရဲ့ အရေးကြီးနေရာတွေ အားလုံးကို ပစ်မှတ်ထား တိုက်ခိုက်မယ့်အကြောင်းနဲ့ ရှေ့ဆက်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ဘယ်နေရာပဲနေနေ မလုံခြုံတော့ဘူးလို့ သတိပေးထားပါတယ်။
****************************************************************
END / 251