၃၀ ဒီဇင်ဘာ ၂၀၂၃ - ၂၀:၂၀
နေပြည်တော်  စိုက်ပျိုးရေးတက္ကသိုလ်အနီး လူငယ် ၁ ဦး  ကြိုးဆွဲချသတ်သေ

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရီမြို့နယ် စကားဝါမြိုင်ရပ်ကွက်၊ စိုက်ပျိုးရေး တက္ကသိုလ်အနီးမှာ ဒီနေ့ မနက် ၁၁ နာရီက အသက် ၁၇ နှစ်အရွယ် လူငယ်တဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရီမြို့နယ် စကားဝါမြိုင်ရပ်ကွက်၊ စိုက်ပျိုးရေး တက္ကသိုလ်အနီးမှာ ဒီနေ့ မနက် ၁၁ နာရီက အသက် ၁၇ နှစ်အရွယ် လူငယ်တဦး    ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇေယျာသီရီမြို့နယ် စကားဝါမြိုင်ရပ်ကွက်၊ စိုက်ပျိုးရေးတက္ကသိုလ်အနီးက နေအိမ်မှာ လူငယ်တဦးဟာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ရဲတွေရောက်လာပြီး ကြိုးဖြုတ်၊ လူနာတင်ယာဥ်နဲ့ နေပြည်တော် ခုတင် တထောင်ကို သယ်သွားတယ်။ ရဲကတော့ စစ်ဆေးနေတယ်။"

သေဆုံးသူရဲ့ Dade Body ကို နေပြည်တော် ခုတင်တထောင် ဆေးရုံကြီးကို ရဲတပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့တွေက ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပရဟိတအဖွဲ့ဝင်တဦးက "အများစုက အချစ်ရေး အိမ်ထောင်ရေး နဲ့ အဲ့လိုလုပ်ကြတာရှိတယ်။ စိတ်ကျနေတဲ့သူတွေ၊ တယောက်တည်း အထီးကျန်နေတဲ့သူတွေကိုတွေ့ရင်  မိသားစုဝင်တွေအနေနဲ့ အားပေးပါ၊ ပြဿနာကိုမေးပါ၊ ရင်ဆိုင်ဖြေရှင်းပေးပါ၊ နွေးထွေးမှု ပေးစေချင်တယ်" လို့ ပြောပါတယ်။

ဇေယျာသီရီမြို့နယ်အတွင်းရှိ သာစည်ကျေးရွာ၊ ရွှေကျကျေးရွာ၊ မအူတောကျေးရွာနဲ့ အောင်ဇေယျရပ်ကွက်တို့မှာ အောက်တိုဘာ ၁၂ ရက်မှ ၂၃ ရက်အတွင်း ၁၄ နှစ်အရွယ် ကလေးငယ် ၁  ဦး၊အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးတို့ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။
****************************************************************
END / 251