၈ ဖေဖော်ဝါရီ ၂၀၂၄ - ၁၉:၃၄
အမေရိကန် နှင့် ဗြိတိန်တပ်များက ယီမင်ကို ထပ်မံ တိုက်ခိုက်

အမေရိကန် နှင့် ဗြိတိန်တပ်များက ယီမင်ကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA နှင့် sahartv သတင်းဌာန တို့ ၏ သတင်း အထောက်အထားများအရ နှင့် အစီရင်ခံစာအရ အမေရိကန်နှင့် ဗြိတိန်တို့သည် ယီမင်အနောက်ပိုင်း အလ်ဟဒီးဒဟ် ပြည်နယ်ရှိ အဆ်ဆလီးဖ် ဧရိယာကို နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်နှင့် ဗြိတိန်တို့၏ လူမဆန်သည့် ဤ တိုက်ခိုက်မှု များကြောင့် ပျက်စီး ဆုံးရှုံးမှု ဖြစ်နိုင်ချေနှင့် ပတ်သက်၍ အစီရင်ခံစာ မရရှိ သေးကြောင်း ဖြစ်ပါတယ်။

မကြာသေးမီရက်များအတွင်း အမေရိကန်နှင့် ဗြိတိန်တို့သည် ယီမင်၏ နယ်မြေ အသီးသီး ကို တိုက်ခိုက် လျက်ရှိပါတယ်။ ကုလ နှင့် လူအခွင့် အရေး ဟု ညာသံပေး သည့် အဖွဲ့အစည်း များ နှုတ်ဆိတ် နေကြပါ တယ်။

ဒီထိုးစစ်ရဲ့ ရည်ရွယ်ချက်ကတော့ ယီမင်လက်နက်ကိုင်တပ်ဖွဲ့တွေက နယ်ချဲ့  ဇီယွန်ဝါဒီ အစ္စရေး အစိုးရအပေါ် သိမ်းယူမှုကို အဆုံးသတ်ဖို့ ယီမင်အစိုးရကို ဖိအားပေးဖို့ ဖြစ်ပါတယ်။

ပါလက်စတိုင်းပြည်သူများအပေါ် နယ်ချဲ့  ဇီယွန်ဝါဒီ အစ္စရေး အစိုးရ ၏ ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက် မှုများကို ရပ်တန့်သည်အထိ ယီမင် လက်နက် ကိုင်တပ်ဖွဲ့ များ တိုက်ခိုက်သွားမည် ဖြစ်ကြောင်းအကြိမ်ကြိမ် အလေး ပေးပြောကြား ခဲ့ပြီးဖြစ် ပါတယ်။ ပြီးနောက် ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ သိမ်းပိုက်ထားသော ပါလက်စတိုင်း ဆိပ်ကမ်းသို့ သွားသည့် သင်္ဘောများ နှင့် စီးပွားဖြစ်သင်္ဘောများကို  အစ္စရေး တို့၏ ပါလက်စတိုင်း ဂါဇာ အပေါ် တိုက်ခိုက်မှုများရပ်တန့်ခြင်း မပြုမခြင်း ဆက်လက် တိုက်ခိုက် ရှိနေဦး မည်ဖြစ်ပါ တယ်။

သို့သော်လည်း ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ရှိ အခြားသင်္ဘောများအားလုံး ဘေးကင်းလုံခြုံပြီး ၎င်းတို့ အတွက် အန္တရာယ်ရှိမည်မဟုတ်ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251