Maher သတင်းဌာန၏ ဖော်ပြချက်အရ အာမေးနီးယား ဒုတိယ၀န်ကြီးချုပ်သည် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် တီဟီရန်တွင် တွေ့ဆုံခဲ့ပါတယ်။
အသေးစိတ် အချက်အလက်များအရ တီဟီရန် နှင့် အီရဝါန် အကြား သမိုင်းဝင်ဆက်ဆံရေးရှိကြောင်း ကေဖ်ကာဇ် ဒေသတွင် လုံခြုံရေးနှင့် လုံခြုံရေးကို အီရန်က အလေးထား အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ မှ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
လုံခြုံရေးကို အကြောင်း ပြ ပြီး ဒေသတွင်းမှာ နိုင်ငံခြား အင်အားတွေ ရှိနေကြောင်း နိုင်ငံခြားနှင့် မသက်ဆိုင်သည့် တပ်ဖွဲ့များ ရှိနေခြင်းကြောင့် ဒေသတွင်း ပြဿနာများကို ဖြေရှင်းမည့်အစား လုံခြုံရေး ခြိမ်းခြောက်မှုများ ပိုမိုဖန်တီးလာကြောင်း ၊ မိမိတို့၏ ရပ်တည်မှု မှာ ရှင်းလင်းကြောင်း အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ မှ ဆက်လက်ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံကြား သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အီရန် သမ္မတ မှ တိုက်တွန်း ခဲ့ပါတယ်။
ဒီအခါသမယမှာ အာမေးနီးယားရဲ့ လက်ထောက်ဝန်ကြီးချုပ် မဲဟ်ရ် ဂရီဂူရီယာန်း က အာမေးနီးယား လွတ်လပ်ရေးအတွက် အီရန်ရဲ့ ပံ့ပိုးကူညီမှုက အလွန်အရေးကြီးတယ်လို့ ပြောပါတယ် ။ ပြီးနောက် အီရန်နှင့် ဆက်ဆံရေးတိုးမြှင့်ရန်နှင့် သဘောတူညီချက်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် မိမိတို့ အနေဖြင့် ကတိပြု ကြောင်း အာမေးနီးယား ဝန်ကြီးချုပ်မှ ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251