၁၆ မတ် ၂၀၂၄ - ၂၀:၃၀
ကနီတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄၇ ဦးသေပြီး လက်နက်များရရှိဟု ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကနီမြို့သိမ်းတိုက်ပွဲမှာ စစ်ကေင်စီတပ်ဖွဲ့ဝင် ၄၇ ယောက်သေဆုံးပြီး လက်နက်မျိုးစုံ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ဒေသ ၁ က မတ် ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စစ်ကိုင်းတိုင်း၊ ကနီမြို့သိမ်းတိုက်ပွဲမှာ စစ်ကေင်စီတပ်ဖွဲ့ဝင် ၄၇ ယောက်သေဆုံးပြီး လက်နက်မျိုးစုံ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ဒေသ ၁ က မတ် ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မတ် ၂ ရက်‌ကနေ ၁၂ ရက်အထိ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ယောက်သေဆုံး၊ အလောင်း ၁၁ လောင်းရခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ ကနီမြို့က ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းတို့မှာ အခြေချနေတဲ့ ခလရ ၈၇၊ ၈၉၊ ၂၂၂၊ ခမရ ၃၁၃ ပူးပေါင်းအင်အား ၁၀၀ ကျော်၊ အင်မထီးရွာကနေ လေကြောင်းနဲ့ပို့လာတဲ့ ထပ်တိုးအင်အား ၁၂၀ လောက်၊ ရေဦးမြို့ကနေ စစ်ကူလာတဲ့ ဘီလူးစစ်ကြောင်း အင်အား ၈၀ လောက်တို့ကို ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂၊ LPDF၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့တွေ၊ ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်၊ ကနီမြို့နယ်တို့က ပအဖ၊ ပကဖအဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ Mi-35၊ Jet Fighter တို့နဲ့ ၅၄ ကြိမ် တိုက်ခိုက်ခဲ့ပြီး Y-12 နဲ့လည်း ဗုံးသီးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုက်ပွဲကနေ စစ်ကောင်စီတပ်ရဲ့ လက်နက်မျိုးစုံ ၁၁ လက်၊ ဗုံးသီးမျိုးစုံ ၅၀ ကျော်၊ ကျည်မျိုးစုံ ၁၃၀၀ ကျော်၊ မီးကျည် ၂၀ လောက်၊ ရှေ့ထွက်မိုင်း ၃ ခု၊ ကျည်အိမ် ၂၀ ကျော်နဲ့ Jammer ၂ ခု တို့ကို သိမ်းဆည်းရရှိခဲ့တယ်လိုလည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကနီမြို့တိုက်ပွဲမှာ သေဆုံးတာနဲ့ လက်နက်ဆုံးရှုံးတာကို သတင်းထုတ်ပြန်ထားတာမရှိသလို ဒီဗွီဘီအနေနဲ့လည်း သီခြားအတည်ပြုချက်ရယူနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ကနီမြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၁ ယောက် ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကူအင်အား အများအပြားပို့တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ် အားလုံး မတ် ၁၂ ရက်နေ့မှာ တပ်ပြန်ဆုတ်လာကြတယ်လို့လည်း သိရပါတယ်။

၁၀ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ကနီမြို့အပါအဝင် ညောင်ပင်ဝန်းရွာကို မီးရှို့ခဲ့တာကြာင့် ကနီမြို့အနီးက ကျေးရွာ ၁၀ ရွာက ပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာထွက် ပြေးနေကြရလို့ စားသောက်စရာနဲ့ ‌ဆေးဝါးတွေ လိုအပ်နေတယ်လိုလည်း သိရပါတယ်။

****************************************************************
END / 251