အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အထောက်အထား များ အရ ဆီးရီးယားနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး ဟိုစိုင်းန်အက္က်ဘရီ မှ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီများ အနေဖြင့် မိမိ၏ နေအိမ်နှင့် ကောင်စစ်ဝန်ရုံးအဆောက်အအုံကို နိုင်ငံတကာဥပဒေအားလုံးကို ချိုးဖောက်ပြီး တိုက်ခိုက်ခဲ့ကြောင်း ဆိုရှယ်မီဒီယာ X စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ပြီးနောက် သံအမတ် ကြီး ဟိုစိုင်းန်အက္က်ဘရီ မှ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ ကို ရှဟီးဒ် ပြုခဲ့ ကြောင်း မိမိတို့ အနေဖြင့် ဤ တိုက်ခိုက်မှု အတွက် နှုတ်ပိတ် စေသည့် အဖြေမျိုး နယ်ချဲ့ အစ္စရေး အား တုံ့ပြန် သွားမည် ဖြစ်ကြောင်း တုံ့ပြန် မည် အချိန် မည်သည့် အချိန် ဖြစ်မည် ကို မိမိတို့ ကိုယ်တိုင် ရွေးချယ် သတ်မှတ်သွားမည် ဖြစ်ကြောင်း နယ်ချဲ့ အစ္စရေး အစိုးရအားသတိပေး ပြောကြား ခဲ့ပါတယ်။
****************************************************************
END / 251