၁၄ မေ ၂၀၂၄ - ၀၅:၀၇
   နယ်ချဲ့ အစ္စရေး ဇီယွန်အစိုးရ ၏ ပြည်တွင်းလုံခြုံရေး ဝန်ကြီးအား တိုက်ခိုက်ခံရ

ဂါဇာစစ်ပွဲတွင် ကျဆုံးခဲ့သော ဇီယွန်ဝါဒီစစ်သားများ၏ မိသားစုများသည် ဇီယွန်အစိုးရ၏ ပြည်တွင်း လုံခြုံရေးဝန်ကြီး Itamar Ben Gweir အား တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်း အထောက်အထား များ အရ ပါလက်စတိုင်းသတင်းအေဂျင်စီ Sama ၏ဖော်ပြချက်အရ ဂါဇာစစ်ပွဲတွင် သေဆုံးခဲ့ရသည့် ဇီယွန်အစိုးရ၏ စစ်သားများ၏ မိသားစုဝင်များသည် အစ္စရေးပြည်တွင်း လုံခြုံ ရေးဝန်ကြီး Itamar Ben Gweir အား Ashdod ရှိ သင်္ချိုင်းတွင် တိုက်ခိုက်ခဲ့ပြီး ၎င်းအား ရာဇဝတ်သား ဟု ခေါ်ဆို ခဲ့ကြ၍ ၎င်းအား ဆန့်ကျင်သည့်  ပြင်းထန်သောကြွေးကြော်သံများ ကို ကြွေးကြော်ကာ သပိတ်မှောက် ခဲ့ကြ ပါတယ်။

Itamar Ben Gweir သည် စစ်ပွဲကိုရပ်တန့်ရန်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အကောင် အထည် ဖော်ရန် ပြည်တွင်းပြည်ပမှ အဆက်မပြတ်တောင်းဆိုနေသော်လည်း စစ်ပွဲကို ဆက်လက် လုပ်ဆောင်ရန် ဇီယွန် ဝါဒီအစိုးရအဖွဲ့၏ အစွန်းရောက်အဖွဲ့ဝင်တစ်ဦးဖြစ်တယ်။

ဇီယွန်နစ်အစိုးရ၏ ပြည်တွင်းလုံခြုံရေးဝန်ကြီး Itamar Ben Gweir  သည် ဂါဇာကမ်းမြောင်ဒေသစစ်ပွဲရပ်ပါက အစိုးရ အဖွဲ့မှနုတ်ထွက်ပြီး ညွန့်ပေါင်းအစိုးရကို ဖြုတ်ချပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပါတယ်။

အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေးကြောင့် ဇီယွန်ဝန်ကြီးချုပ် နေတန်ယာဟုကို ရှုံးနိမ့်ပြီး အစ္စရေး အကျဉ်းသားများကို လွတ်ပေးရန် ပျက်ကွက်မှုကြောင့် ဇီယွန်ဝါဒီ အသိုင်းအဝန်းတွင် နေတန်ယာဟု၏ လူကြိုက်များမှုမှာ သိသိသာသာ ကျဆင်းသွားခဲ့ပြီး ၎င်း၏ အနာဂတ်သည် လောင်းကြေးထပ်ထားသကဲ့သို့ ဖြစ်နေကြောင်း  နိုင်ငံရေး လေ့လာသူများက ပြောကြားခဲ့ပါတယ်။

.......................................................

END / 251