၁၆ မေ ၂၀၂၄ - ၂၀:၂၁
ကြာသပတေး ည တွင် ဆလ်ဝသ် (ခ)ဒရူးဒ် ပို့ခြင်း ၏ အံ့ဖွယ် အကျိုး

ကြာသပတေး ည တွင် ဆလ်ဝသ်(ခ) ဒရူးဒ် ပို့ခြင်း ၏ အံ့ဖွယ် အကျိုးအား အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေ မွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ ၏ ချစ်ပရိတ်သတ်များ အတွက် ဖော်ပြ လိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကြာသပတေး ည တွင် ဆလ်ဝသ် (ခ) ဒရူးဒ် ပို့ ခြင်း ၏ အံ့ဖွယ် အကျိုး ကို မတင်ပြမည် ဆလ်ဝသ် ဆိုသည်မှာ မည်သည့် အရာ ကို ခေါ်ဆို ကြောင်း သိထားဖို့ လိုပါတယ် ။

ဟီဂျရီ ၁၅ရာစုနှစ် ၏ ရှီအဟ်သဖ်စီးရ်ပညာရှင် အလာမဟ်သွဗာသွဗါရီ မှ သဖ်စီးရ် အလ်မီးဇန်း ကျမ်းတွင် ရှီအဟ် ၊ ဆွန်နီ ကျမ်းရင်းမြစ်များကို ကိုးကား ပြီး ဆလ်ဝသ်(ခ) ဒရူးဒ် ပို့သနည်းမှာ မိုအ်မင်များမှ အလ္လာဟ်ဟို အရှင်မြတ်ထံ တမန်တော်မြတ် (ဆွ) နှင့် ကိုယ်တော် ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အ‌ပေါ်ဆလ်ဝသ်(ခ) သရူးဒ်  ပို့သပေးရန် တောင်းဆို ခြင်း ဖြစ်ကြောင်း ရေးသားထားပါတယ်။

ရည်ညွှန်း - طباطبایی، المیزان، ۱۳۹۳ق، ج۱۶، ص۳۳۸

ဆလ်ဝသ် (ခ) ဒရူးဒ် မှာ اللّهم صل علی محمد وآل محمد  ဆိုပြီး ဖြစ်ပါတယ်။ အလ္လာဟ်ဟို အရှင်မြတ်ထံ တမန်တော်မြတ် (ဆွ) နှင့် ကိုယ်တော် ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အ‌ပေါ်ဆလ်ဝသ်(ခ) သရူးဒ်  ပို့သပေးရန် ဖြစ်ပါတယ်။ ဆွဟာဗာများကို ထည့်၍ မဆိုမိဖို့လည်း အရေး ကြီး ပါတယ်။

ဆလ်ဝသ် (ခ) သရူးဒ် ပို့သချိန် အဲဟ်လေ့ဘိုက်(အ.စ) အာလေ့မိုဟမ္မဒ် (အ.စ) ကို ဖယ်ပြီး ကိုယ်တော်မြတ် (ဆွ) တစ်ပါးတည်း အပေါ် ပို့သည့် ဆလ်ဝသ် (ခ) သရူးဒ် သည်လည်း  မပြည့်စုံသည့် သရူးဒ် ဖြစ်သလို အဲဟ်လေ့ ဘိုက် (အ.စ) နှင့် အတူ ဆွဟာဗာ များ ကို ထည့် ပြီး သရူးဒ် ပို့ခြင်းသည်လည်း သရူးဒ်  အား သဲဟ်ရီးဖ် (ခ) ပုံပျက်အောင် ပြုခြင်း ပြောင်းလဲလိုက်ခြင်း ဖြစ်ပါတယ်။

ကြာသပတေး ည တွင် ဆလ်ဝသ် (ခ) ဒရူးဒ် ဖတ်ခြင်း အံ့ဖွယ် အကျိုး မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) သရူးဒ် အကြိမ် ၁၀၀၀ ဖတ်သည် ဆဝါးဗ် ကို ရရှိမည် ဖြစ်ပါတယ်။

(၂) အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် သရူးဒ် (ခ) ဆလ်ဝသ် ပို့သသူ ၊ဖတ်သူ ၏ အပြစ် ပေါင်း  ၁၀၀၀ ကို ခြေဖျက်ပေးတော်မူပါ ဖြစ်ပါတယ်။

(၃) သရူးဒ် ပေးပို့သူ ၏ အဆင့် ၁၀၀၀ ပိုပြီး မြင့် မှာ ဖြစ်ပါတယ်။

(၄) သရူးဒ် ပေးပို့သည် နူးရ် သည် ကေယာမသ် နေ့တိုင်း  မိုးကောင်ကင် အထပ်များတွင်  လင်းလက် တောက်ပ နေမည် ဖြစ်ပါတယ်။

(၅) မိုးကောင်ကင် အထပ်များ ရှိ ကောင်းကင်တမန် တိုင်း သရူးဒ် ပေးပို့သူအား ခွင့်လွတ် ပေးဖို့ အလ္လာဟ် ဟို အရှင်မြတ် ထံ တောင်းဆို  ပေးကြမည် ဖြစ်ကြပါတယ်။

(၆) တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ ရောင်ဇာတော်မြတ် (ကဗရ်တော်မြတ်) တွင် တာဝန်ကျ ကောင်းကင်တမန်သည်  ကေယာမသ် တိုင် အောင် သရူးဒ် ပေးပို့သူ အတွက် အလ္လာဟ် ဟို အရှင်မြတ် ခွင့်လွတ်ပေး ရန် တောင်းဆိုနေမည် ဖြစ်ပါတယ်။

ရည်ညွှန်း - وسائل الشیعه، ج۷، ص۴۱۳ / فاطمه سلام الله علیها بانوی عالمین  کانال

.......................................................

END / 251