အဲဟ်လေ့ဘိုက်(သ)
(အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
إنالله و إناالیه راجعون
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အပေါင်းအပါများ စီးနင်း လိုက်ပါလာသည့် ရဟတ်ယာဉ် သည် ရာသီဥတု ကြောင့် တိမ်းမှောက်မှုဖြစ်ပွား ပြီးနောက် သတင်းရင်းမြစ်များက သမ္မတနှင့် ၎င်း၏ အပေါင်းအပါများ သည် ရှဟီးဒ် ဖြစ်သွား ကြကြောင်း ဆိုထားသည်ကို ဝမ်းနည်း စွာ သိရှိခဲ့ရပါတယ်။
နာရီပေါင်းများစွာ ရှာဖွေပြီးနောက်တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အပေါင်းအပါများ စီးနင်း လိုက်ပါလာသည့် ရဟတ်ယာဉ်ကို အီရန် ကယ်ဆယ်ရေး အသင်းများ မှာ ရှာဖွေ တွေ့ရှိခဲ့ပြီး အီရန် သမ္မတ နှင့် အတူ အပေါင်းအပါအားလုံး ရှဟီးဒ် ဖြစ်သွားပြီး ဖြစ်ကြောင်း ဝမ်းနည်းစွာ သိရှိရပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အတူ ထင်ရှား ကျော်ကြားပြီး လူထု အများ ချစ်ခင်သည့် သဗ်ရေဇ် ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာ အာယာသွလ္လာဟ် အာလေ့ ဟာရှင်မ် ၊ အောင်မြင် သည့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) ၊ ငယ်ရွယ်ပြီး အလုပ်ကြိုးစားသည့် အရှေ့ အာဇာ ဘိုင်ဂျန် တိုင်းမှူး မာလစ်က် ရဲဟ်မသ်သီ နှင့် အခြား အဖော်များလည်း ရှဟီးဒ် ဖြစ်သွား ကြောင်း အလွန် ဝမ်းနည်း စွာ သိရှိရပါတယ်။
.......................................................
END / 251