၂၀ မေ ၂၀၂၄ - ၂၀:၂၅
အီရန်သမ္မတ ရှဟီးဒ် ရအီစီ  နှင့် ၎င်း၏ အပေါင်းအပါများ ၏ ဈာပန နှင့် ဒဖ်နာ ခြင်း (ခ) သင်္ဂြိုဟ်ခြင်းဆိုင်ရာ ကြေငြာ ချက်များ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ရှဟီးဒ် ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အပေါင်းအပါများ ၏ ဈာပန နှင့် ဒဖ်နာ ခြင်း (ခ) သင်္ဂြိုဟ်ခြင်းဆိုင်ရာ ကြေငြာ ချက်များ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ အဆိုအရ အဇာဘိုင်ဂျန်ပြည်နယ် အရှေ့ပိုင်း အစ္စလာမ္မစ်ဝါဒဖြန့်ချီရေး ညွှန်ကြား ရေးမှူး ချုပ် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မဲဟ်မူးဒ် ဟိုစိုင်းန်နီ  မှ ရဟတ်ယာဉ်ပျက်ကျမှု ကြောင့် ကျဆုံး ရှဟီးဒ် ဖြစ် သွား သည့်  အီရန် သမ္မတ နှင့် အပေါင်းအပါ များ အတွက် ဈာပန  နှင့် နမာဇ် ဇေဂျနာဇဟ် အစီအစဉ်အတိုင်း မေလ ၂၁ ရက် နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် သဗ်ရေဇ်  ၌ ဈာပန အစီအစဥ် ကို ပြုလုပ်ခဲ့ကြောင်း ပြီးနောက် ရှဟီးဒ် များ ၏ ရုပ်အလောင်းများကို အီရန်နိုင်ငံ ကွမ်း မြို့သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှ ဆက်လက်ပြီး မေလ ၂၁ ရက် နေ့ နံနက် ၉း၃၀ နာရီတွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ  ရှဟီးဒ် ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အပေါင်းအပါများ အလောင်းများကို သဗ်ရေဇ် မြို့ ရှိ ရှိဟ်ဒါအ် လမ်းမ  မှ လေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး လေဆိပ် မှ ရှဟီးဒ် များ ၏ ရုပ်အလောင်းများကို ကွမ်း မြို့  သို့ ပို့ဆောင်ပြီးနောက် တီဟီရန်သို့ ပို့ဆောင်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

မေလ ၂၁ ရက်နေ့ အင်္ဂါနေ့ ညနေ 4:30 နာရီတွင် ကွမ်း မြို့  တွင် ဈာပနအခမ်းအနားကို ပြုလုပ်မည် ဖြစ်ပြီး ရှဟီးဒ် များ ၏ ရုပ်အလောင်းများကို သခင်မကြီး မအ်စူမဟ် ကွမ်း (စ.အ)  ရောင်ဇာတော် မြတ် တွင် ဝင်ရောက် ဇေယာရသ် ပြုကြပြီး ဗရာန်းဗရ်အအ်ဇန်းမ် (ဆွ) လမ်းမကြီး မှ မတ်စ်ဂျစ်ဒ် ဂျန်မ်ကရာန် သို့ ယူသွားမည် ဖြစ်ပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မဲဟ်မူးဒ် ဟိုစိုင်းန်နီ  မှဆက်လက်ပြီး ရှဟီးဒ် များ ၏ ရုပ်အလောင်းများ၏ နမာဇ် ဇေ ဂျနာဇဟ် အား  မေလ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ တွင် မြို့တော် တီဟီရန် ရှိ တီဟီရန် တက္ကသိုလ် တွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ဦးဆောင် ဝတ်ပြုပေးမည် ဖြစ်ပါတယ်။ ပြီးနောက် ရှဟီးဒ် များ ၏ ရုပ်အလောင်းများ ကို ဘီးရ်ဂျန်ဒ် မြို့ သို့ ယူဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ  ရှဟီးဒ် ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ ရူပ်လောင်း အား မရှ်ဟဒ် မြို့ တွင် မေလ၂၃ ရက်နေ့ ကြာသပတေးနေ့ တွင်  ဒဖ်နာ(ခ) မြေမြှုပ် သင်္ဂြိုဟ် မည် ဖြစ်ပါတယ်။ ထိုနည်းတူစွာ ထင်ရှား ကျော်ကြားပြီး လူထု အများ ချစ်ခင်သည့် သဗ်ရေဇ် ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာ အာယာသွလ္လာဟ် အာလေ့ ဟာရှင်မ် ၏ ရုပ်အလောင်း အား မေလ၂၃ ရက်နေ့ ကြာသပတေးနေ့ တွင်  သဗ်ရေဇ် မြို့ ၌ ဒဖ်နာ(ခ) မြေမြှုပ် သင်္ဂြိုဟ် မည် ဖြစ်ပါတယ်။ ထိုနည်းတူစွာ ငယ်ရွယ်ပြီး အလုပ်ကြိုးစားသည့် အရှေ့ အာဇာ ဘိုင်ဂျန် တိုင်းမှူး မာလစ်က် ရဲဟ်မသ်သီ ၏ ရုပ်အလောင်း ကိုလည်း မေလ၂၃ ရက်နေ့ ကြာသပတေးနေ့ တွင်  မရာဂ မြို့ တွင် ဒဖ်နာ(ခ) မြေမြှုပ် သင်္ဂြိုဟ် မည် ဖြစ်ပါတယ်။

.......................................................

END / 251