၂၅ မေ ၂၀၂၄ - ၂၀:၃၀
အိုလမာ ၏ ထိုင်ဝိုင်းတွင်နေခြင်း  ၏ ရလဒ်

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အိုလမာ ၏ ထိုင်ဝိုင်းတွင်နေခြင်း ၏ ရလဒ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

جالِسِ الْعُلَماءَ يَزْدَدْ عِلْمُكَ وَيَحْسُنْ اَدَبُكَ وتَزكُ نَفسُكَ‏ .

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အိုလမာ ၏ ထိုင်ဝိုင်း တွင် နေထိုင်ပါ။ ထိုမှသာ သင်တို့၏ ပညာ များပြားမည် ဖြစ်ပြီး ကောင်းမြတ်သည့် အကျင့်စာရိတ္တ ကို ရရှိမည်။ ပြီးနောက်  နဖ်စ် (ခ) စိတ်ထား ဖြူစင် သန့်ရှင်း မည်ဖြစ်ပါသည်။ »

ဂိုရရိုလ်ဟေကမ် ကျမ်း ၊ ဟဒီးစ်တော် ၄၇၈၆

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး သုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် အိုလမာ ၏ ထိုင်ဝိုင်း တွင် နေထိုင် ရမည်ဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် အိုလမာ နှင့် အနီးကပ်နေနိုင်ရမည် ဖြစ်ပါတယ်။ ပြီးနောက် အိုလမာ သည် နှစ်မျိး နှစ်စား ရှိကြောင်း ကို သိထားရမည် ဖြစ်ပါတယ်။ ပထမ တစ်မျိုး မှာ အိုလမာယေ ရဗ်ဗာနီ မဖြစ်ပြီး ဒုတိယ အမျိုးမှာ အိုလမာ ယေစူအ် ဖြစ် ပါတယ်။  ဤဟဒီးစ်တော် တွင် ပညာများခြင်း အကျင့်စာရိတ္တကောင်းမြတ် ခြင်း နှင့် နဖ်စ် (ခ) စိတ်ထား ဖြူစင် သန့်ရှင်း မည် ဖြစ်ကြောင်း ကို မိန့်ဆိုထားသည့် အတွက် အိုလမာယေ ရဗ်ဗာနီ ဖြစ်ကြောင်း သိနိုင်ပါတယ်။ အိုလမာ ဆိုသည် မှာ မည်သူများ ကိုခေါ်ဆိုကြောင်း သိထားဖို့ လိုပါတယ်။ ပမာအား ဖြင့် မရ်ဂျာတော်များ ၊ မွတ်ဂျ်သဟစ်ဒ် အဆင့် ရှိသူများ ကို ခေါ်ဆို ပါတယ်။ အိုလမာ ၏ ထိုင်ဝိုင်းတွင် နေထိုင်ခြင်း များ တွင် ၎င်းတို့ ရေးသားထားသည့်  စာအုပ်များ ကို လေ့လာ ခြင်း ၎င်းတြိ့ ၏ တရားများ ကိုလည်း နားထောင်ခြင်း လည်း ပါဝင်ပါတယ်။

------------------------------------------------------------------------

END / 251