၃၀ မေ ၂၀၂၄ - ၂၀:၃၀
ရှိုဟ်ဒါအေခေသ်မသ် (ခ) အီရန်သမ္မတနှင့်အပေါင်းအပါရှဟီးဒ် များ အတွက် သွဝါဖ် နှင့် ဇေယာရသ် ပြုပေး

အီရန် နိုင်ငံသူ၊နိုင်ငံသား ဟာဂျီလောင်း များ သည် အီရန်သမ္မတ နှင့် အပေါင်းအပါ များ ရှဟီးဒ် ဘွဲ့ ခံယူ သွား ကြောင်း သတင်း ကြားရ၍ ဝမ်းနည်းကြေကွဲ နေကြပါတယ်။ ၎င်း တို့ မှ အီရန်သမ္မတ နှင့် အပေါင်းအပါ များ ရှဟီးဒ် များ ကိုယ်စား အလ္လာဟ့် အိမ်တော် အား သွဝါဖ် ပြုပေးခဲ့ကြကြောင်း ဇေယာရသ် ပြုပေးခဲ့ကြ ကြောင်း သိရှိ ခဲ့ရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ သတင်းဌာန ၏ သတင်းအထောက်အထား များ အရ သည် အီရန်သမ္မတ နှင့် အပေါင်းအပါ များ ရှဟီးဒ် ဘွဲ့ ခံယူသည့် အချိန် တွင် အီရန် နိုင်ငံသူ၊နိုင်ငံသား ဟာဂျီလောင်း များ မှ အုပ်စု တစ်စု သည် ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ မြို့တော် ၊ မဒီနာ မြို့ တွင် ရောက် ရှိ နေပြီး ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

အီရန်သမ္မတ နှင့် အပေါင်းအပါ များ  စီးနင်း လာသည့် ရဟတ်ယာဥ် ပျက်ကျမှုသတင်းကို မဒီနာ မြို့ တွင် ရောက် ရှိနေသည့် အီရန် နိုင်ငံသူ၊နိုင်ငံသား ဟာဂျီလောင်း များကြားကြား လက်များ မြှောက် ၍ ၎င်းတို့ ပြန်လည် ကောင်းမွန် ကျန်းမာလာ ရန်ဒိုအာ များ တောင်းဆို ခဲ့ကြပါတယ်။

ခသမ်မေကုရ်အာန် နှင့် ခသမ်မေ ဆလ်ဝသ် ပြုရန် နဇရ်များ ပြုခဲ့ကြပါတယ်။သို့သော် မြတ်အလ္လာဟ် ၏ စီမံ မှု မှာ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ  ရှဟီးဒ် ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အပေါင်းအပါ များအား ရှဟီးဒ် ဘွဲ့ ချီးမြှင် ပေးသနားရန် ဖြစ်ခဲ့ပါတယ်။ အီရန်သမ္မတ နှင့် အပေါင်းအပါ ရှဟီးဒ်များ ကို အီရန် နိုင်ငံသူ ၊ နိုင်ငံသားများ အမြဲ သတိရတမ်းတနေကြမှာ ဖြစ်ပါတယ်။

မဒီနာ မြို့ အပြင် မက္ကဟ် ရွှေမြို့တော်သို့ လည်း အီရန် နိုင်ငံသူ၊နိုင်ငံသား ဟာဂျီလောင်း များ ရောက်ရှိနေကြပြီး ဖြစ်ပါတယ်။ ၎င်းတို့ မှလည်း အီရန်သမ္မတ နှင့် အပေါင်းအပါ များ ရှဟီးဒ် ဘွဲ့ ခံယူသည့် သတင်း ကို ကြားပြီး အလွန်ဝမ်းနည်းကြေကွဲ သောက ရောက်နေကြကြောင်း သိရှိ ရပါတယ်။

မက္ကဟ် ရွှေမြို့တော် သို့ ရောက် ရှိနေသည့် အီရန် နိုင်ငံသူ၊နိုင်ငံသား ဟာဂျီလောင်း များမှလည်း အီရန်သမ္မတ နှင့် အပေါင်းအပါ များ ရှဟီးဒ် များ အတွက် ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ် ပြုပေးခြင်း ၎င်းတို့  ကိုယ်စား အလ္လာဟ့် အိမ်တော် အား သွဝါဖ်  ပြုပေးခဲ့ကြကြောင်း သိရှိ ခဲ့ရပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ  ရှဟီးဒ် ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အပေါင်းအပါ များသည် အေမာမ် ရေဇာ (အ.စ) ၏ နိုင်ငံတော် ၊ အေမာမ် ဇမာန်း ၏ နိုင်ငံတော် အီရန် အစ္စလာမ် မစ် ပြည်သူ့ သမ္မတ နိုင်ငံ အား အလုပ် အကျွေးပြုရင်း ရှဟီးဒ် ဘွဲ့များ ကို ခံယူ သွားကြသည့် အတွက် အီရန် နိုင်ငံသူ၊နိုင်ငံသား ဟာဂျီလောင်း များမှလည်း  မိမိ တို့ ၏ သမ္မတ နှင့် အပေါင်းအပါ များ ရှဟီးဒ် များ အတွက် အလ္လာဟ့် အိမ်တော် နှင့် ကိုယ်တော်မြတ် (ဆွ) မြို့တော် အိမ်တော် ရှိသည့် မက္ကဟ် ရွှေမြို့တော် နှင့် မဒီနာ ရွှေမြို့တော် တို့တွင်သတိရ ၊ကောင်းမူများ ပြုပေးကြပြီး လေးစား ဂုဏ် ပေး နေကြခြင်း ဖြစ်ပါတယ်။

.......................................................

END / 251