၇ ဇွန် ၂၀၂၄ - ၂၀:၃၀
ကုရ်ဘာနီ ပြုမည့် ပိုက်ဆံ အား ထိုက်တန်သည့် မရှိဆင်းရဲသားကို ပေးခြင်း

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ကုရ်ဘာနီ ပြုမည့် ပိုက်ဆံ အား ထိုက်တန်သည့် မရှိဆင်းရဲသားကို ပေးခြင်း နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ကုရ်ဘာနီ ပြုမည့် ပိုက်ဆံ အား ထိုက်တန်သည့် မရှိဆင်းရဲသားကို ပေးခြင်း  ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

အီးဒ်ဒိုလ် အဇ်ဟာ (ကုရ်ဘာနီ အီးဒ်) ၏ မွတ်စ်သဟဗ် ကုရ်ဘာနီ အား ကုရ်ဘာနီ မပြုဘဲ ၎င်း ၏တန်ဖိုး ပိုက်ဆံ အား   တိုက်တန်သည့် မရှိဆင်းရဲသား (ရှရအီအရဆင်းရဲသား) အား ပေးလိုက်လျင် ကုရ်ဘာနီပြုလိုက်သည့် အမိန့် မြောက်ပါသလား?

အဖြေ

တိုက်တန်သည့် မရှိဆင်းရဲသား (ရှရအီအရဆင်းရဲသား) အား ကူညီသည့် ဆဝါးဗ် အား လုံးဝ ရရှိမည် ဖြစ်ပါသည်။ သို့သော် အီးဒ်ဒိုလ် အဇ်ဟာ (ကုရ်ဘာနီ အီးဒ်) ကုရ်ဘာနီ ၏ ဆဝါးဗ် ကို ရရှိမည် မဟုတ်ချေ။

အကြံပြုချက် - အထူးသတိပြုသင့်ပါတယ်။ ကျနော်တို့ အနေဖြင့် ဆင်းရဲသားကိုလှူခြင်း ၊ ကုရ်ဘာနီ ပြုခြင်း များ ကို မရောမိစေရန် သတိပြုပါတယ်။ အထူးသဖြင့် မြန်မာရှီအဟ် လောကတွင် တစ်ချို့ သည် ဟဂျ်ပြုတာ ကုရ်ဘာနီ လုပ်တာ သိပ် အလေးမပေးသလို ဖြစ်နေပါတယ်။ ငါတို့ အလုပ်မဟုတ်၊စွန်နီတွေလုပ်တာဟု ထင်နေ ကြပါ တယ်။  ကုရ်ဘာနီ ပြုခြင်း ဟာ ဟဂျ်လုပ်နေသည့် ဟာဂျီလောင်း မှ အပ အခြား သူများ အတွက် တိုက်တွန်းထားသည့် မွတ်စ်သဟဗ်ဖြစ်ပါတယ်။ ပြီးနောက် အတတ်နိုင်ဆုံး လုပ်နိုင်ရန် ကြိုးစားသင့်ပါတယ်။ ယုတ်စွ စုပေါင်းပင် ဖြစ်ပါစေ ပြုနိုင်ရန် ကြိုးပမ်းသင့်ပါတယ်။ ပြီးနောက် တရားတော် မှ ညွှန်ကြားထားသည့် အတိုင်း ကုရ်ဘာနီသားများ ကို ဝေငှ ရမည် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251